စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း အခမ်းအနား တက်ရောက်ခြင်း၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကံ့ကော်ပရိယတ္တိ စာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း အခမ်းအနား တက်ရောက်


စက်မှုဝန်ကြီးဌာန/ Ministry of Industry / April 23, 2024


နေပြည်တော်၊ ဧပြီ (၁၉)
    စက်မှုဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ(၁၇)ရက်နေ့ ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)နှင့်ရုံးအမှတ်(၄၁)တို့တွင် ကျင်းပပြုလုပ်ရာ မစိုးရိမ်တိုက်သစ်ကျောင်းမှ ဆရာတော်သံဃာတော် (၅) ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။
   မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီးအမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များနှင့် ကမ္မဝါစာများကို ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူကြသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့က ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 
    ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) သို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ရုံစီမံကိန်းလုပ်ငန်းများ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ကုန်ကြမ်းများရရှိနိုင်မှု၊ သံစိမ်းထုတ်လုပ်သည့် နည်းစဉ်၊ သံသတ္တုရိုင်းများအား သတ်မှတ်အရွယ်အစား အတိုင်းရရှိရေးအတွက် ကြိတ်ခွဲမည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် ရရှိထားသည့် ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးရေးအတွက် စီမံချက်များ၊ အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရန်၊ ရရှိထားသည့် ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ သံသတ္တုရိုင်းများ တူးဖော်ရာတွင် မိုင်းဒီဇိုင်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ စက်ရုံအတွက်လိုအပ်သည့် ပညာရှင်များအား မွေးမြူလေ့ကျင့် သင်ကြား‌ပေးရန်၊ ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ စက်ရုံစီမံကိန်းလုပ်ငန်းများပြီးစီး၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးအဖွဲ့ ဝန်ကြီးချုပ်တို့သည် သံသတ္တုရိုင်းများအား သတ်မှတ်အရွယ်အစား ရရှိရေးအတွက် စက်များတပ်ဆင်ပြီးစီးမှု၊ ဟီမတိုက်နှင့် လီမွန်နိုက် သံသတ္တုရိုင်းများ တူးဖော်မည့် မိုင်းဧရိယာ၊ ပထမအဆင့်ကြိတ်ခွဲအလုပ်ရုံ၊ ဒုတိယအဆင့် ကြိတ်ခွဲအလုပ်ရုံ၊ MSME များအတွက် အသေးစားသံရည်ကျိုမီးဖိုစမ်းသပ် တည်ဆောက်ထားရှိမှု အခြေအနေ၊ စွန့်ပစ်အနည်အနှစ်ကန်နှင့် စက်ရုံအတွက် လိုအပ်သောရေများရယူမည့် နမ့်တဖက် ချောင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကံ့ကော်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်သံဃာတော်များမှ ပရိတ်တရားများ ရွက်ပွားတရဇ္ဈာယ်ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 
(သတင်းစဉ်)     

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023