စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၈) အထည်စက်ရုံ(ပျော်ဘွယ်) နှင့် အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း) တို့အား ကြည့်ရှုစစ်ဆေး


စက်မှုဝန်ကြီးဌာန/ Ministry of Industry / April 24, 2024


နေပြည်တော်၊ ဧပြီ (၂၀)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ရှိ အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြည်တွင်းမှ ထွက်ရှိသည့်ဝါများအား ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲ၍ ချည်ထုတ်လုပ်သည့် စက်ရုံများမှ ကုန်ချောချည်များ ထုတ်လုပ်ပြီး အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်ရန် လမ်းညွှန်မှာကြားသဖြင့် ဝန်ကြီးဌာနရှိ ဝါကြိတ်စက်များအားပြုပြင်၍ ကြိတ်ခွဲခြင်း၊ ချည်ထုတ်လုပ်သည့် စက်ရုံများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံအနေဖြင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချောလက်ကျန်များ ကုန်စင်အောင်ရောင်းချရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား MSME လုပ်ငန်းရှင်များ သိရှိအောင်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့် စက်များအား ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်နိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံရှိ တပ်ဆင်ထားသည့် စက်များအား စွမ်းအားပြည့် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအတွင်းနှင့် ကုန်ကြမ်း၊ ကုန်ချောဂိုဒေါင်တို့တွင် မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင်ထားရှိရန်၊ တာဝန်ရှိသူများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အချိန်မီဖြည့်ဆည်းပေးရန်၊ ဝန်ထမ်းများအနေဖြင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ရန်၊ လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း၌ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊ချည်ထုတ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်နှင့် ဝါကြိတ်စက်ရုံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ အမှတ်(၈)အထည် စက်ရုံခွဲ (ရမည်းသင်း) သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာအချက်အလက်များ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလည်ပတ်အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Business Plan များ ရေးဆွဲဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသည့် ထုတ်ကုန်ပစ္စည်းများအား အချိန်မီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ကြိုတင်စဉ်းစား၍ အစီအမံများရေးဆွဲထားရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူဖြည့်ဆည်းထားရန်၊ မူလတန်း ကျောင်းဝတ်စုံများအား ဝန်ကြီးဌာနရှိ စက်ရုံများမှ အပြည့်အဝချုပ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မှသာ စက်ရုံ ဝင်ငွေတိုးတက်ရရှိ၍ အမြတ်အစွန်းရမည်ဖြစ်သဖြင့် လုပ်ငန်းတာဝန်များကို စည်းလုံးညီ ညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန်၊ စက်ရုံတွင် တပ်ဆင်ထားရှိသော စက်ပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုပြင်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန် လမ်းညွှန်မှာကြား ပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023