စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီ) အတွင်းရှိ ဆီစက်များအား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministerial Office / May 05, 2024


နေပြည်တော်၊ဧပြီ(၂၇)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီ) လယ်ဝေးမြို့နယ်ရှိ  ဦးစိုးသန်း၏ တောင်တွင်းဆီစက်၊ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်၊ ဦးနိုင်ဝင်း၏ကန်လှဆီစက်၊ အေလာရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်၊ ပျဉ်းမနားမြို့နယ်ရှိ ဦးခင်မောင်ဝင်း၏ ရွှေပြည်စိုးဆီစက်၊ ဦးလှထွန်း၏ ရွှေလိပ်ပြာဆီစက်တို့အား လှည့်လည်အား ပေးကြည့်ရှုစစ်ဆေးသည်။
    ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဆောင်ရွက်ရန် လမ်းညွှန်မှုပြုထားကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက်  ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်နှင့် တစ်ဧကချင်း ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရေး၊ ထွက်ရှိလာသည့် ဆီထွက် သီးနှံများကို ကုန်စင်အောင်ကြိတ်ခွဲနိုင်ရေးတို့ကို အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံများအား ဇုန်များသတ်မှတ်ပြီး စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်းရှင်များမှ အပြည့်အဝကြိတ်ခွဲ၍ စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်စက်လုပ်ငန်းရှင်များ၏ လိုအပ်သည်များကို ကူညီဖြည့်ဆည်း စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ဆီစက်စက်လုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆီစက်အရေအတွက်၊ ကြိတ်ခွဲနိုင်သည့်စက်စွမ်းအား၊ လက်ရှိကြိတ်ခွဲထုတ်လုပ်နေမှု စသည့်အချက်အလက်တို့ကို တိတိကျကျ သိရှိမှသာ  မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်၍ စီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ သဘာဝပတ်ဝန်းကျင်၊ အရည်အသွေး၊ ဆောင်ရွက်မည့်နည်းစဉ် စသည့်တို့ကိုအခြေခံ၍ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ဆီထွက်သီးနှံများကို ကြိတ်ခွဲခြင်းနှင့်ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံ(Working Plan)များကို စနစ်တကျရေးဆွဲပြီး အလေးအနက်ထား စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ်မှုလုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ ထုတ်လုပ်မှသာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သော စားသုံးဆီများရရှိမည်ဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့တွင်ပါဝင်သည့် ရုပ်ပိုင်းနှင့်ဓာတုဆိုင်ရာ ဂုဏ်သတ္တိများကို သိရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းရှင်များနေဖြင့် စားသုံးဆီတိုးတက်ထွက်ရှိရေး၊ စီးပွားရေးတွက်ခြေကိုက်မှုရှိစေရေးနှင့် ကြိတ်ဖတ်များအား တိရစ္ဆာန်အစာအဖြစ်အသုံးပြုရာတွင် အကျိုးရှိစေရေးတို့အတွက်  ကြိတ်ဖတ်များတွင် ဆီကျန်ရှိမှု လျော့နည်းအောင် ဆောင်ရွက်ရန်လမ်းညွှန်မှာကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိ၍ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နေပြည်တော်ကောင်စီအတွင်းရှိ မှတ်ပုံတင်ထားရှိသည့် ဆီစက်လုပ်ငန်းများနှင့် မြေပြင်ရှိစာရင်းများ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် စစ်ဆေးကြပ်မတ်သူများအနေဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် ထုတ်ကုန်များထုတ်လုပ်ရေး၊ ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားစစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်မည့် အစီအမံများကိုလည်း ကြိုတင်ရေးဆွဲဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆီစက်များ၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကိုလည်း ပြည့်စုံမှန်ကန်အောင် ပြုစုထားရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်ရမည့် နည်းစဉ်များကိုလည်းလေ့လာ၍ လုပ် ငန်းရှင်များသို့ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအတွင်းမှ ထွက်ရှိသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း၍ ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023