ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီ မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီ မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး


Ministry of Information/ Naypyitaw / May 31, 2023
image_latest


နေပြည်တော် မေ ၃၀

ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့်ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆိုင်ကလုန်းမုန်တိုင်း မိုခါကျရောက်ခြင်းဖြစ်စဉ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြရာတွင် မိမိတို့ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများနှင့် အနီးကပ်ကြီးကြပ်ပံ့ပိုးမှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် မုန်တိုင်းဒဏ်ပြင်းထန်စွာခံရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် အဆောက်အဦ အနည်းငယ်ပျက်စီးမှုများမှလွဲ၍ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ တန်ဖိုးကြီးစက်ကိရိယာများ ပျက်စီးဆုံးရှုံးမှုကြီးမားစွာမရှိခဲ့ဘဲ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မပျက်မကွက် ဆက်လက်ပေးအပ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် မေ ၁၅ ရက်မှစတင်၍ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များက တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှသည် ကျေးလက်ဒေသများသို့ ရောက်ရှိသည်အထိ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

ညှိနှိုင်းဖြည့်ဆည်းပေး

ယခု မုန်တိုင်းအလွန်ကာလတွင် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗဟိုမှညှိနှိုင်းကွပ်ကဲရေးအဖွဲ့၊ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့တာဝန်ရှိသူများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကိုတွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးရန်ဖြစ်ပါကြောင်း။

မုန်တိုင်းအလွန်ကာလ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဗဟိုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ လမ်းညွှန်မှုကိုခံယူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၏လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

မုန်တိုင်းအလွန်ကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ စစ်တွေ သူနာပြု/သားဖွား သင်တန်းကျောင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်တွေ တိုင်းရင်းဆေးရုံကြီး၊ မြို့နယ် တိုင်းရင်းဆေးခန်းများနှင့် စစ်တွေမြို့ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး အမြန်ဆုံး ပြင်ဆင်ပြီးစီးရေးလုပ်ငန်းများကို အမြန်ဆုံးပြီးစီးစေရေး ဆက်လက်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

တင်ပြဆွေးနွေး

အစီအစဉ်အရ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မင်းပြားမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ရသေ့တောင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင်မြို့နယ်၊ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့က ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ်ပေးအပ်နေခြင်းနှင့် အဆောက်အဦများကို ပြင်ဆင်နေသည့် အခြေအနေများကို အသီးသီးတင်ပြကြသည်။

တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement