ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ ဖော်ထုတ်ခြင်းဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၄

ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ ဖော်ထုတ်ခြင်းဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာ စကားပြောကြားသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာရှိကြီး များ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးအာဏာပိုင်များ၊ သတင်းပို့အဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာ (Progress Report)တွင်ပါရှိသည့် လက်ငင်းရလဒ်(၁) အဆင့်တိုးမြှင့်ရရှိစေရန်ဆောင်ရွက်ရာတွင် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်း ပြသရန်အတွက်ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်မှု(Risk Assessment) ဆောင်ရွက် ထားရှိမှုများအား သိရှိနားလည်စေရန်နှင့် ကြီးကြပ် ရေးအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းများဆိုင်ရာ သိရှိနားလည်မှုတိုးတက်စေရန် ယခုဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလတွင်အလေးထားပြီး တားဆီးတိုက်ဖျက်သွားရန် လိုအပ်သည့် အွန်လိုင်းလိမ်လည် မှုများနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှုလားရာများကိုလည်း ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားရန် ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ဌာန/အဖွဲ့အစည်းများက လည်းကောင်း၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း များကလည်းကောင်း၊ အခြားစီးပွားရေးလုပ်ငန်း အသီးသီးမှလည်းကောင်း ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု အန္တရာယ်များအားဖော်ထုတ်ရာတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်များက ဆွေးနွေးသည့်အချက်များအပေါ် ဆုံးရှုံးနိုင်ခြေဖော်ထုတ်ရန် လိုအပ်ပြီး သတင်းပို့ရာတွင် ပြန်လည်သုံးသပ်နိုင်ရန်လိုအပ် ကြောင်း၊ အစီရင်ခံစာများလည်း ဌာနအသီးသီးမှ အများပြည်သူသိရှိစေရန် ထုတ်ဝေရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ယခုဆွေးနွေးပွဲရလဒ်များအပေါ် အခြေခံ၍ သတင်းပို့အဖွဲ့အစည်းများက AML/CFT ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်စေရန်နှင့် ဆွေးနွေးပွဲမှရရှိသည့် အသိပညာများအား လက်တွေ့တွင် ထိရောက်စွာ အသုံးချနိုင်စေရန်အတွက် တက်ရောက်လာသူများက ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုလားရာများ မဟာဗျူဟာ ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာအား လည်းကောင်း၊ ဆုံးရှုံးနိုင်ခြေမြင့်မားသောမှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံး နိုင်ခြေများနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးရေးဌာနခွဲ-၁၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ-၂၊ ပုဂ္ဂလိကဘဏ်ခြောက်ဘဏ်၊ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအာမခံလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှင့် ရွှေလုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများကလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ယခုဆွေးနွေးပွဲမှရရှိသည့် အသိပညာ ဗဟုသုတများကို မိမိတို့၏ဌာန/လုပ်ငန်းများတွင် ပြန်လည်ဝေမျှ ဆွေးနွေးသွားရန်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု အန္တရာယ်နှင့် ဆုံးရှုံးနိုင်ခြေများကို သိရှိနားလည်မှုတိုးတက်လာသည်နှင့်အမျှ သတင်းပို့အဖွဲ့အစည်းများသည် ငွေကြေးခဝါချမှုကို ကာကွယ်တားဆီးမှု တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ အဓိကအရေးကြီး ဆောင်ရွက်ရန်အချက်များကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လို အပ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Ministry of Cooperatives and Rural Development / Posted on May 03, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023