တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 06, 2022
image_latest


နေပြည်တော်  အောက်တိုဘာ ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအား ပညာရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ မိဘများအား မှာကြားလိုသည်မှာ မိမိတို့၏သားသမီးများကို အဓိကအားဖြင့် ပညာအမွေပေးကြစေလိုပါကြောင်း၊ ထို့အတူ ပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းနှင့် သဟဇာတဖြစ်စေရန်၊ ရည်မှန်းချက်ထားရှိတတ်သူဖြစ်စေရန်၊ သဘောထားကြီးသူဖြစ်စေရန်၊ မနာလိုစိတ်ကင်းစေရန်၊ မျှဝေတတ်စေရန်၊ ကူညီတတ်စေရန်၊ စည်းကမ်းရှိစေရန်၊ အကျင့် စာရိတ္တကောင်းမွန်သူဖြစ်စေရန်၊ ကြိုးစားတတ်သူဖြစ်စေရန်အတွက် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပညာကို အရွယ်မရွေးလေ့လာလိုက်စားကြစေလိုပါကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ရာ ကျောင်းသားမိဘများကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လက်ခံရယူပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာခေါ်ယူခြင်း


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန/ location / September 18, 2024


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ)တန်း ဒု-ဦးစီးမှူး (စက်/လျှပ်)/(မြို့ပြ)ရာထူး ၇၂ နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

Download