တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့


Ministry of Information/ Naypyitaw / October 06, 2022
image_latest


နေပြည်တော်  အောက်တိုဘာ ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအား ပညာရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ မိဘများအား မှာကြားလိုသည်မှာ မိမိတို့၏သားသမီးများကို အဓိကအားဖြင့် ပညာအမွေပေးကြစေလိုပါကြောင်း၊ ထို့အတူ ပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းနှင့် သဟဇာတဖြစ်စေရန်၊ ရည်မှန်းချက်ထားရှိတတ်သူဖြစ်စေရန်၊ သဘောထားကြီးသူဖြစ်စေရန်၊ မနာလိုစိတ်ကင်းစေရန်၊ မျှဝေတတ်စေရန်၊ ကူညီတတ်စေရန်၊ စည်းကမ်းရှိစေရန်၊ အကျင့် စာရိတ္တကောင်းမွန်သူဖြစ်စေရန်၊ ကြိုးစားတတ်သူဖြစ်စေရန်အတွက် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပညာကို အရွယ်မရွေးလေ့လာလိုက်စားကြစေလိုပါကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကျောင်းသုံးဗလာစာအုပ်များကိုပေးအပ်ရာ ကျောင်းသားမိဘများကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လက်ခံရယူပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

Newspaper

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on September 19, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on September 19, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on September 19, 2024

၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့်...