ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / April 30, 2024
နေပြည်တော် ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
ဖြစ်စဉ်အမှန်မှာ PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ကျေးရွာနှင့် ရေလာလေးကျေးရွာတို့ကို ဒရုန်းများ၊ လက်လုပ်လက်နက်ကြီးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ၊ ရေလာလေးကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။ ထို့နောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများမှ အနီးဝန်းကျင်ရှိ ဖောင်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်များမီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းမဟုတ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရှိရပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့် တစ်ပြေးညီသိရှိစေရန် ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Ministry of Information / Posted on May 18, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 16, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။