ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ
ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / May 04, 2024
နေပြည်တော် မေ ၃
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက မေ ၂ ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါလုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းတိုင်းခြုံကျေးရွာနှင့် ပခုက္ကူနည်းပညာတက္ကသိုလ်သို့ သွားရောက်သည့် လမ်းလုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာစဉ် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပန်းတိုင်းခြုံကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများမှ အထင်အမြင်လွဲမှားစေရန်နှင့် ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံရေးသားထားသည့် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Ministry of Information / Posted on May 18, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 16, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။