ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော်အား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ဖမ်းဆီး၍ ရက်စက်စွာသတ်ဖြတ်


Ministry of Information/ Naypyitaw / July 04, 2022
image_latest


နေပြည်တော် ဇူလိုင် ၄

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာရှိ သာသနာ့ဝံသဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တပဝရ သက်တော်(၅၉)နှစ်၊ ဝါတော်(၁၂)ဝါသည် ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာဘက်သို တစ်ပါးတည်းဆိုင်ကယ်ဖြင့် သွားရောက်စဉ် လယ်လန်းကျေးရွာအနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာတော်စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို တားဆီး၍ ဆရာတော်အား အကြောင်းမဲ့ဖမ်းဆီး၍ ကျားပစ်ကန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားပြီး ဇူလိုင် ၃ ရက် နံနက် ၉ နာရီခန့်တွင် ကျားပစ်ကန်ကျေးရွာအနီး၌ ဆရာတော်၏ လည်ပင်းအား ဓားဖြင့် ရက်စက်စွာခုတ်ခဲ့သဖြင့် ဆရာတော်သည် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၀ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ သံဃာတော်အား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ကြေညာချက်

Ministry of Information / Posted on April 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၆/၂၀၂၄)

Union Civil Service Board / Posted on April 25, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၆/၂၀၂၄)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023