ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / April 24, 2024
image_latest


နေပြည်တော် ဧပြီ ၂၃

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများ၊ စက်ရုံမှူးများက Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ တက်ရောက်ကြသည်။

ထပ်ဆင့်ပြန်လည်ရှင်းလင်း

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် အစိုးရအဖွဲ့အစည်းအဝေးများတွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးတက်ထုတ်လုပ်ရေး၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို အပြည့်အဝကြိတ်ခွဲနိုင်ရေး၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ပြန်လည်ရှင်းလင်းပြောကြားသည်။

စစ်ဆေးကြပ်မတ်ဆောင်ရွက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံများကို ဇုန်များသတ်မှတ်ပြီးစိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသို့တင်ပို့ပြီး ကျန်ရှိသည့် ဆီထွက်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်းရှင်များက အပြည့်အဝကြိတ်ခွဲ၍ စားသုံးဆီများထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်းစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံနှင့်ပတ်သက်၍ စိုက်ဧက၊ ထွက်ရှိမည့်ပမာဏ၊ မြို့နယ်အသီးသီးတွင် တည်ရှိသည့် ဆီစက်အရေအတွက်၊ ကြိတ်ခွဲနိုင်သည့်စက်စွမ်းအား၊ လက်ရှိကြိတ်ခွဲထုတ်လုပ်နေမှု စသည်တို့ကို ကြိုတင်စာရင်း ပြုစုတွက်ချက်ထားရမည်ဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ်မှုလုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များနှင့်အညီ ထုတ်လုပ်မှသာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သော စားသုံးဆီများရရှိမည်ဖြစ်၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

ကြိုတင်ပြင်ဆင်ဆောင်ရွက်

ပြည်တွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်သူများ၏ ဝတ်ဆင်ရေးကဏ္ဍအတွက် လုံလောက်မှုရှိကြောင်းကို တွက်ချက်မှုများအရ သိရှိရကြောင်း၊ ဝန်ကြီးဌာနရှိ ဝါကြိတ်စက်များ၊ ချည်ထုတ်လုပ်သည့် စက်များ၊ အထည်ရက်လုပ်ခြင်း၊ ဆေးဆိုးပန်းရိုက်ခြင်း စသည့်လုပ်ငန်းများကို စက်စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် ယခုနှစ်တွင် ထုတ်လုပ်ရန်လျာထားသည့် ပမာဏများအတိုင်းထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် လိုအပ်ချက်များရှိပါက ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထွက်ရှိလာသည့် ဝါများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းအတွက် ဝါကြိတ်စက်များဖြင့် ကြိတ်ခွဲပြီး ဝါဂွမ်းမှချည်ထုတ်လုပ်တင်ပို့လျှင် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထွက်ရှိလာသည့် ဝါများကို အပြည့်အဝကြိတ်ခွဲနိုင်ရေးအတွက် ဝါကြိတ်စက်များ အဆင်သင့်လည်ပတ်နိုင်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများနှင့် ဝါများကို အပြည့်အဝကြိတ်ခွဲ၍ ပြည်တွင်းစားသုံးမှုနှင့် ဝတ်ဆင်ရေးကဏ္ဍဖူလုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် Action Plan များ ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဝတ်ဆင်ရေးကဏ္ဍအတွက် နိုင်ငံပိုင်စက်ရုံများမှ ထုတ်လုပ်ဖြည့်ဆည်းပေးမည့်အခြေအနေ၊ အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာသူများက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်စေရေးအတွက် လက်တွေ့ကျသည့် စီမံချက်များရေးဆွဲဆောင်ရွက်ရန် မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Ministry of Cooperatives and Rural Development / Posted on May 03, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023