ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပရိဝုဏ်ရှိ သာသနိကအဆောက်အဦများ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပရိဝုဏ်ရှိ သာသနိကအဆောက်အဦများ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Religious Affairs & Culture/ Naypyitaw / December 06, 2023
image_latest


   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ၃-၁၂-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ပရိဝုဏ်၌ သာသနိကအဆောက်အအုံများ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း များနှင့် ဆဋ္ဌသင်္ဂါယနာတင်သမိုင်းဝင် မဟာသိမ်တော်ကြီးနှင့် သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲ၊ ကမ္ဘာအေးစာပုံနှိပ်တိုက်နှင့် ကျမ်းစာအုပ်အရောင်းဆိုင်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပရိဝုဏ် ဟံသာသီရိကုန်းမြေရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေးက လုပ်ငန်းဆောင်ရွက်နေမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်၊ ကပ္ပိယကျောင်းဆောင်၊ ဟံသာသီရိကုန်းမြေ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

 

 

 

 

   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၏  ဘွဲ့နှင်းသိမ်ဓမ္မာရုံ အမိုးအသစ်လဲလှယ်ခြင်း၊ မျက်နှာကြက်အသစ်လဲလှယ်ခြင်း၊ အတွင်းအပြင်ဆေးသုတ်ခြင်း၊ လျှပ်စစ်မီးကြိုးများ အသစ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

 

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပရိဝုဏ်အတွင်း စိုက်ပျိုးသွားမည့် မန်ကျည်းပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပျိုးသက်တစ်နှစ်အထက် အမြင့် ၃ ပေခန့်ရှိမှသာ စိုက်ပျိုးသွားရန်၊ ကျယ်ပြန့်သော ကမ္ဘာအေးကုန်းမြေတွင် လစ်လပ်သောနေရာများ၌ စားပင်သီးနှံ အရိပ်ရပင်အဖြစ် စိုက်ပျိုးသွားရန် မှာကြားသည်။

 

 

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲကို လည်းကောင်း၊ ပိဋကတ်ကျမ်းစာအုပ်အရောင်းဆိုင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးဌာနမှ ရိုက်နှိပ်ထားသောစာအုပ်များကို ပြတ်လပ်မှုမရှိအောင် စဉ်ဆက်မပြတ်ထားရှိရောင်းချနိုင်ရေး၊ စာအုပ် ဈေးနှုန်းမှာလည်း အမြတ်ရရှိရေးထက် ဘာသာသာသနာပြန့်ပွားရေးကိုသာ ဦးတည်ဆောင်ရွက်ရေး၊ ကျမ်းစာအုပ်များ စုံလင်စွာ ရောင်းချနိုင်ရေးနှင့် ဝန်ထမ်းများဝန်ဆောင်မှုပိုင်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း ဖော်ပြအပ်ပါသည်။

 

 

 

 

                                                                                                                 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement