ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / April 30, 2024
နေပြည်တော် ဧပြီ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံ(ရန်ကုန်)သို့ရောက်ရှိပြီး အလုပ်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုလက်မှုအလုပ်ရုံ(ရန်ကုန်)၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့နိုင်မှုအခြေအနေများ၊ စက်မှုလက်မှုအလုပ်ရုံ လည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးရာတွင် ဒေသနှင့် ကိုက်ညီပြီး အမှန်တကယ်အကျိုးရှိမည့် သင်တန်းအမျိုးအစားများကို ဦးစားပေးဖွင့်လှစ်ပို့ချပေးရန်နှင့် သင်တန်းတက်ရောက်သည့်သူများ အမှန်တကယ်တတ်မြောက်မှုရှိစေရေး စနစ်တစ်ကျ သင်ကြား ပို့ချပေးရန်နှင့် သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ဆောင်ရွက် နိုင်ရေး၊ အလုပ်အကိုင်များရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး အလုပ်ရုံအတွင်း စက်မှုလက်မှု လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာ လုပ်ငန်းများရှင်သန်ဖွံ့ဖြိုးစေရန်၊ တိမ်ကောပပျောက်မှုမရှိစေရန်၊ မြန်မာ့လက်မှုအနုပညာ ယဉ်ကျေးမှုများ ရေရှည်တည်တံ့စေရန်၊ ရိုးရာလက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်၊ နိုင်ငံ တစ်ဝှမ်းမှာရှိသည့် လက်မှုအနုပညာများကို တစ်နေရာတည်းမှာ လေ့လာနိုင်ရန်၊ မြန်မာ့လက်မှု ထည်များ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဈေးကွက်မြှင့်တင်ပေးရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသော မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့လက်မှုအနုပညာစင်တာ ဖွင့်လှစ်ရောင်းချမှုကို အများပြည်သူ သိရှိနိုင်ရေးနှင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာစေရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များ ဈေးကွက်ရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ဒဂုံမြို့သစ်ခရိုင် အတွင်းရှိ သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လိုအပ်ကြောင်းဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Ministry of Information / Posted on May 18, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 16, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။