ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးထားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲတက်ရောက်


Ministry of Information/ Naypyitaw / July 03, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV နှင့် တွေ့ဆုံဆွေးနွေးသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

အဆိုပါ တွေ့ဆုံပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံဥပဒေစနစ်၊ ဥပဒေဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်း၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဥပဒေပညာရပ် အတွေ့အကြုံများ မျှဝေခြင်းနှင့် လေ့လာသင်ယူခြင်းတို့အတွက် နှစ်နိုင်ငံဥပဒေဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်စေလွှတ်ခြင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ မျိုးဆက်သစ်ဥပဒေအရာရှိများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးအောက်ရှိ တက္ကသိုလ်များသို့ ဥပဒေပညာရပ်များ ဆည်းပူးလေ့လာနိုင်ရန် ပညာတော်သင်စေလွှတ်ခြင်းဆိုင်ရာကိစ္စရပ်များ စသည့်ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအစီအစဉ် (၂၀၂၄-၂၀၂၅) စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် နှစ်နိုင်ငံဥပဒေရေးရာစကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့၏ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ (Structure, Objectives and Organization Activities of the Ministry of Legal Affairs of the Republic of the Union of Myanmar and the Prosecutor General’s Office of the Russian Federation) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနသည် မဟာဗျူဟာစီမံချက်များကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရားဥပဒေစိုးမိုးရေးဆီသို့ ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၄ ရပ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုများပေးခြင်း ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မဟာမိတ်နိုင်ငံများနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရေးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့တွင် အမြင်ချင်းဖလှယ် ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန်ဖလှယ်မှုများဖြင့် နှစ်နိုင်ငံအဖွဲ့အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များက ရုရှားဖက်ဒရေးနိုင်ငံ ရှေ့နေချုပ်ရုံး၏ အမှုလိုက်ပါဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ အမှုအား ကနဦးစုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေခြင်းနှင့် အမှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ၊ တရားရုံးတွင် အမှုလိုက်ပါဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ကြီးကြပ်ရေးဆိုင်ရာဌာန၏ လုပ်ငန်းစဉ်များ စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပြီး နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Cooperation) ကို ၂၀၂၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023