မက်မန်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မက်မန်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / September 19, 2024
image_latest


ကျိုင်းတုံ စက်တင်ဘာ ၁၉

       ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  မက်မန်းခရိုင်၌ ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတားအား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

        ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမောင်ဆွေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်​ဇေယျံလင်းတို့က မက်မန်းခရိုင်အတွင်း ဩဂုတ်လ ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောင်းကေး- ငဟောင်လမ်းပေါ်ရှိ အရှည် ၉၀ ပေ ဘေလီတံတား၏ ဘေလီဘောင်များ မြောပါခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မက်မန်းခရိုင်၊ ကျေးလက်လမ်းဖွံ့​ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြရာ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ပေ ၂၀၀ အရှည်ကြိုးတံတား ပြန်လည်တည်ဆောက်ရန်နှင့် ကောင်းကေး-ငဟောင်လမ်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)

Newspaper

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

ရေကြောင်းသတိပေးချက်

Ministry of Information / Posted on September 26, 2024

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 ရှိ ဇောတိကစီမံကိန်းနှင့် ကမ်းလွန်လုပ်ကွက်အမှတ်၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on September 25, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း