မိုးရာသီကာလတွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို သတိပြု

မိုးရာသီကာလတွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို သတိပြု


Ministry of Information/ Naypyitaw / May 29, 2024
image_latest


အနောက်တောင်မုတ်သုံလေသည် မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ တနင်္သာရီတိုင်းဒေသကြီးမှ စတင်ဝင်ရောက်ပြီး မေလ ၂၅ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ အနောက်တောင်မုတ်သုံလေဝင်ရောက်ချိန်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်လ်”အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်သည် မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခြင်းမရှိ၍ အဝါရောင်အဆင့် သတိပေးထားသော်လည်း မမျှော်မှန်းနိုင်သော မုန်တိုင်းတို့၏ သဘောသဘာဝဖြစ်လေ့ရှိမှုများကြောင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်းသက်ရောက်မှုရှိပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ရပါက ကူညီကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊ ယန္တရားများ အသင့်ပြင်ဆင်စုဖွဲ့ထားသည်။

ယခုအခါ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၃၀ ခန့်ဖြင့် ဝင်ရောက်ခဲ့ပြီး လုံခြုံစိတ်ချမှုမရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင် ၁၀ ခုမှ လူပေါင်း တစ်သန်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၇ ခုနှစ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဆစ်ဒါကြောင့် လူပေါင်း ၄၀၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်က စစ်တွေမြို့အနီး ဖြတ်သန်းတိုက်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအနည်းဆုံးဖြင့် သက်သာရာရခဲ့သည်။

နှစ်စဉ်နှစ်တိုင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်သည့်အခါတွင် မိုးရာသီသို့ရောက်ရှိပြီး ပုံမှန်အားဖြင့် မိုးအနည်းအများရွာသွန်းလေ့ရှိသည်။ ယခုနှစ် မိုးရာသီကာလတွင် အဆိုပါဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ် တိုက်ခတ်မှုအရှိန်သက်ရောက်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း လျော့ကျပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားသည်။

အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းလေပြင်းထန်မည်ဖြစ်သည်။ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်အထိရှိနိုင်ကြောင်း သတိပေးထားသည်။ အားကောင်းသောမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

အနောက်တောင်မုတ်သုံလေဝင်ရောက်သည့် မိုးရာသီကာလတွင် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်သတိပြုရမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိသောကြောင့် နွေသီးနှံများနှင့်မိုးသီးနှံများ အပျက်အစီးမရှိစေရန်အတွက် စိုက်ပျိုးရိတ်သိမ်းသိုလှောင်မှုများကို ကြိုတင်ပြင်ဆင် သတိပြုလုပ်ကိုင်ကြရမည်ဖြစ်သည်။ မိုးသီးနှံစိုက်ပျိုးမှုများတွင် ရေနစ်မြုပ်ပျက်စီးမှုများမရှိအောင် ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်အားကောင်းလာနိုင်သည့် မိုးအရှိန်ကြောင့် ရေကြီးရေလျှံမှုများ၊ ရေကြီးနစ်မြုပ်မှုများ ဖြစ်လာနိုင်သည့်အခြေအနေများကို ရှောင်ရှားနိုင်ရေး ပြင်ဆင်ထားရမည်ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသတွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်များနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်များကို ကြိုတင်သတိပြုစီစဉ်ထားရမည်ဖြစ်သည်။ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြု ဆင်ခြင်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement