ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / June 03, 2023

နေပြည်တော်၊ ဇွန် - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းသန့် ရှင်းသာယာလှပရေး ဆောင်ရွက်နေ မှုများကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီး တောင်မြို့နယ်အတွင်းရှိ ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့ များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများ ပြောကြားခဲ့သည်။
ထို့ပြင် ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ် အောင်မျိုးထွန်း သည် တာဝန်ရှိသူများနှင့်အတူ တောင်ရင်းတန်းရပ်ကွက်ရှိ မင်းဘာကြီးလမ်းအားဌာန ဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ က စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းနောက် ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်သူဦး သည် တာဝန်ရှိသူများ နှင့်အတူ ကျောက်တော်မြို့ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံအမှာစ ကားပြောကြားပြီး ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ ရေးပစ္စည်းများပေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ဝင်းမောင် သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများက စုပေါင်း၍ အမှိုက်များရှင်းလင်းခြင်း၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုများ ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
အလားတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့ရှိ အများပြည်သူအသုံးပြုနေသော ရေကန်ကြီးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on September 25, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on September 25, 2023
တာဝန်မှ အနားယူခွင့်ပြုခြင်း
Ministry of Information / Posted on September 25, 2023