ရေဘေးရှောင်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ရေဘေးရှောင်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း


Ministry of Information/ Naypyitaw / September 19, 2024
image_latest


တောင်ငူ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးနှင့် ရေဘေးရှောင်စခန်းများသို့ အနုပညာရှင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းသည်။

ယနေ့တွင် တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုအဖွဲ့ရုံးနှင့် ရေဘေးရှောင်စခန်းများသို့ မြန်မာ့အားမာန်သစ်မော်တာလုပ်ငန်း(ရန်ကုန်)၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ ရေတာရှည်မြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့မှ အလှူရှင်များနှင့် ဒေသခံပြည်သူများက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ထမင်း၊ ဟင်းမျိုးစုံ၊ မုန့်မျိုးစုံ၊ ငါးသေတ္တာ၊ လက်ဖက်ထုပ်၊ အဝတ်အထည်နှင့်ဖိနပ်များ၊ ဖယောင်းတိုင်၊ မီးခြစ်၊ မီးသွေးအိတ်နှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ စက်တင်ဘာ (၁၃) ရက်နေ့မှ စတင်၍ ယနေ့အထိ ရေဘေးအလှူတော်ငွေကျပ်သိန်း (၉၀၅၇ဝဝဝဝ) ကျပ်နှင့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ အဝတ်အစား၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်းနှင့် တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကွပ်ကဲမှုရုံးကို သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားလျက်ရှိကာ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)

Newspaper

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

ရေကြောင်းသတိပေးချက်

Ministry of Information / Posted on September 26, 2024

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 ရှိ ဇောတိကစီမံကိန်းနှင့် ကမ်းလွန်လုပ်ကွက်အမှတ်၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on September 25, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း