လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / May 21, 2024
image_latest


နေပြည်တော်၊ မေ ၂၁

          မြန်မာ့ရိုးရာလက်မှုထည်ပစ္စည်းလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လက်မှုအနုပညာပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရုံးအမှတ်(၁၆)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အဆိုပါ အစည်းအဝေးသို့ လက်မှုအနုပညာပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးရေးမှူးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် လက်မှုအနုပညာပစ္စည်းကဏ္ဍ၏ ဦးစားပေးအစုအဖွဲ(၁၀)ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ လက်မှုအနုပညာပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ကဏ္ဍ (၁၈)ရပ်တွင် ပါဝင်သော မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ရေးဆွဲထားသော Plan of Action လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်အားလုံးကို ဖိတ်ခေါ်ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ Plan of Action အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း အဖွဲ့ဝင်များ အနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လက်ရှိရေးဆွဲထားသော Plan of Action အား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် မည်သည့်အချက်များကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပါက အကျိုးများနိုင်မည်ဆိုသည့် အချက်များကိုလည်း ဝိုင်းဝန်းဆွေးနွေး ပေးစေလိုပါကြောင်း၊ စီးပွားရေးကော်မတီက ခွင့်ပြုချက်ကျပါက ဘတ်ဂျက်နှစ်အလိုက် ဦးစားပေးကဏ္ဍအလိုက် ရွေးချယ်၍ ရန်ပုံငွေလျာထား ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (လက်မှုဖွံ့ဖြိုးရေး ဌာနခွဲ)က လက်မှုအနုပညာပစ္စည်းကဏ္ဍ၏  Plan of Action ဆောင်ရွက်ထားမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး လက်မှုအနုပညာပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement