ဝိုင်းမော်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / May 21, 2024
image_latest


နေပြည်တော် မေ ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA သောင်းကျန်းသူများ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ မေလ ၂၀ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

KIA သောင်းကျန်းသူများသည် ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ကျေးရွာများအတွင်းမှ နေအိမ်များနှင့်ပြည်သူများကို အကာအကွယ်ယူတိုက်ခိုက်ခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို ထောက်ခံအားပေးခြင်းမရှိသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုဖြစ်စဉ်မှာလည်း ခတ်ချိုကျေးရွာမှ ဒေသခံပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် မဟုတ်မမှန် လုပ်ကြံရေးသားကာ လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ဘဏ်ပိတ်ရက်ကြော်ငြာ

Ministry of Information / Posted on June 15, 2024

လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်၊ (အင်္ဂါနေ့) “အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)” နေ့သည် အများပြည်သူအလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် ၎င်းရက်တွင် ဘဏ်များအားလုံး ပိတ်ထားလိမ့်မည်ဖြစ်ပါကြောင်း။

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on June 15, 2024

၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့်...

ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Ministry of Information / Posted on June 14, 2024

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်ဖြင့် ပုံနှိပ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများဖြစ်သည့် စက္ကူ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၂-၆-၂၀၂၄) ရက်နေ့ နံနက် (၁၀) နာရီတွင်စိစစ်ခဲ့သည့်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023