သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / February 26, 2024
image_latest


သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို မြသရဖီခန်းမ၌ (၂၃.၂.၂၀၂၄)ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ /ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊  စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်၍ ပြိုင်ပွဲဝင်အသင်းများကို အားပေးခဲ့ကြပါသည်။ 

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာစကားပြောကြားရာတွင် ထမနဲပွဲ ကျင်းပရခြင်းဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုရှိလာခြင်း၊ ဇွဲလုံ့လရှိခြင်း၊ Teamwork ဖြင့် အလုပ်လုပ်တတ်ခြင်း၊ အချိန်ကိုက်အလုပ်လုပ်တတ်စေရန်၊ မျှမျှတတ အချိုးအစားကျနစွာ ဆောင်ရွက်တတ်ခြင်း၊ လှပသပ်ရပ်စွာ နေထိုင်တတ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည့်အတွက် ပြိုင်ပွဲတွင် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် ထမနဲထိုးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ထမနဲပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့များနှင့် တာဝန်ရှိသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှာကြားခဲ့ပါသည်။ 

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကို ပြိုင်ပွဲဝင်အဖွဲ့(၇)ဖွဲ့မှ ကြိုးစားယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ ပထမဆုရရှိခဲ့သည့် Social Enterprise Management major၊ ဒုတိယဆုရရှိခဲ့သည့် Applied Statistics major၊ တတိယဆုရရှိခဲ့သည့် Regional Development major၊ နှစ်သိမ့်ဆု(၁)ရရှိသည့် Accounting and Finance major၊ နှစ်သိမ့်ဆု(၂)ရရှိသည့် Marketing Management major နှင့် နှစ်သိမ့်ဆု(၃)(ပူးတွဲ) ဆုရရှိသည့် ပထမနှစ်ကျောင်းသား/သူအဖွဲ့များကို ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့် ပါမောက္ခဌာနမှူးများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement