အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တက်ရောက်

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တက်ရောက်


Myanmar National Human Rights Commission/ Yangon / May 25, 2023


   အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights- AICHR) နှင့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ၂၄-၅-၂၀၂၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ Hybrid Format ဖြင့်ကျင်းပသည်။

   ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးပေါ်လွင်စိန်နှင့် ဒေါက်တာ တင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့က Virtual Online System ဖြင့် တက်ရောက်ခဲ့ကြကာ AICHR မှ ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ် အဖွဲ့က in-person တက်ရောက်သည်။

   ဆွေးနွေးပွဲ၌ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR Indonesia) နှင့် SEANF အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ AICHR Indonesia က ၂၀၂၃ ခုနှစ်အတွင်း AICHR ၏ ဆောင်ရွက်ချက်များနှင့် ဦးစားပေးကိစ္စရပ်များကို လည်းကောင်း၊ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဖိုရမ်၏ လုပ်ငန်းဆောင်ရွက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများကို လည်းကောင်း ဆွေးနွေးခဲ့သည်။

   ထို့နောက် AICHR-SEANF ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ မလေးရှား၊ တီမောလက်စ်တေ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များက Torture Prevention အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များနှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

   ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက ဆွေးနွေးရာတွင် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တင်ပြသည့် AICHR-SEANF တို့အကြား ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များတွင် ဆောင်ရွက်နိုင်သည်များကို မိမိတို့ကော်မရှင်က ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။ ထို့နောက် AICHR Indonesia နှင့် SEANF ဥက္ကဋ္ဌတို့က နိဂုံးချုပ်စကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

Newspaper

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement