(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်စာပေပြဌာန်းစာအုပ် ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / March 19, 2023
image_latest


နေပြည်တော် မတ် ၁၉

(၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးခန်းမတွင် မွန်တိုင်းရင်းသားစာပေ ပြဌာန်းစာအုပ်ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဉီးခင်မောင်ဉီးက ပြဌာန်းစာအုပ်ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများက မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများထံ မွန်စာပေပြဌာန်းစာအုပ်များကိုပေးအပ်ပြီး မွန်စာပေ၊ ကရင်စာပေ၊ ဗမာစာပေနှင့် ပအိုဝ်းစာပေကော်မတီကိုယ်စားလှယ် အသီးသီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ထောက်ပံ့ချီးမြှင့် ငွေများနှင့်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေစာအုပ်များကို မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများထံ ပေးအပ်သည်။ ဆက်လက်ပြီး မွန်ယဉ်ကျေးမှုအဖွဲ့မှ ဟင်္သာအကဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအာပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးရန်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ မတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ မတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ မတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

Announcement

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

Ministry of Information / Posted on March 01, 2024

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)အား ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁...

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ လေလံတင်ရောင်းချရန် ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 01, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ လေလံတင်ရောင်းချရန် ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ လေလံတင်ရောင်းချရန် ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 01, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ လေလံတင်ရောင်းချရန် ကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023