(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်


Ministry of Information/ Naypyitaw / March 25, 2023
image_latest


နေပြည်တော် မတ် ၂၅

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလားအမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ်နှင့်အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ်ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ကျူံး၏အရှေ့မြောက် ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

 ဦးစွာတိုင်းမှူးက တာလွှတ်နေရာဖြစ်သည့် ၂၆ လမ်းနှင့် ၇၃ လမ်းထောင့် ကျူံးတောင်ဘက် မင်္ဂလာတံတားအချက်ပြနေရာမှ သေနတ်ပစ်ဖောက်တာလွှတ်ရာ ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်လမ်းကြောင်းများအတိုင်း စီးနင်းယှဉ်ပြိုင်ကြပြီး ပန်းဝင်လာကြသူများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက်တိုင်းမှူးက ပြိုင်ပွဲတွင်အသက်အကြီးဆုံး အားကစားသမား ၂ ဦးအားအထူးဆု ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်တို့အား ထပ်မံချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစား သမား ၁၆၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့ပြင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို မတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင် (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများစာရင်း

Ministry of Labour / Posted on June 14, 2024

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများစာရင်း

ဘဏ်ပိတ်ရက်ကြော်ငြာ

Ministry of Information / Posted on June 15, 2024

လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်၊ (အင်္ဂါနေ့) “အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)” နေ့သည် အများပြည်သူအလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် ၎င်းရက်တွင် ဘဏ်များအားလုံး ပိတ်ထားလိမ့်မည်ဖြစ်ပါကြောင်း။

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on June 15, 2024

၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023