(၇၉) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပိုစတာကြီးများ စိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်


Ministry of Information/ Naypyitaw / March 28, 2024
image_latest


နေပြည်တော် မတ် ၂၈

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။

အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်းကြီးသို့သွားရောက်သည့် လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် စိုက်ထူထားပြီး စစ်ရေးပြကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။

စစ်ကြောင်းကြီးများ ချီတက်ရာလမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များ လမ်းဘေးဝဲယာတစ်လျှောက်၌ မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံစင်မြင့်မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Strip Light များဖြင့်လည်းကောင်း၊ အသီးသီးပုံဖော် အလှဆင်ထားသည်ကို ခမ်းနားထည်ဝါစွာတွေ့မြင်နိုင်မည်ဖြစ်သည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များကို ပြသထားသည်။ ပန်းခြံအတွင်း ဖိုင်ဘာဖြင့်ပြုလုပ်ထားသည် စစ်သည်ရုပ်တုငယ်များ၊ ပုံဖော်ထားသည့်ပန်းအလှများ၊ သစ်ပင်များတွင်တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံများဖြင့် ပြုလုပ်ထားရှိရာ လာရောက်အပန်းဖြေလည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

(၇၉) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌လည်း မီးရောင်စုံများ၊ မီးအလှများဖြင့်ထွန်းညှိ၍ ဂုဏ်ပြုအလှဆင်မှုများ ပြုလုပ်ထားလျက်ရှိရာ အဆိုပါနေရာများသို့ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် စည်းကားလျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Ministry of Information / Posted on April 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023