ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့ဆောင်ပုဒ်ဖြင့် ကျင်းပမည်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့ဆောင်ပုဒ်ဖြင့် ကျင်းပမည်
Ministry of Information/ နေပြည်တော် / May 30, 2020

နေပြည်တော် မေ ၂၉
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် Digital Campaign တစ်ရပ်အား တို့ကမ္ဘာ မြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့ ဆောင်ပုဒ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် FM Radio လိုင်းမှတစ်ဆင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း၊ WED 2020 Quiz (Facebook Live) မေး/ဖြေ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်တို့အား ကျင်းပသွား မည်ဖြစ်ပါ၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါရန်နှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website ဖြစ်သော www.ecd.gov.mm နှင့် facebook page Environmental Conservation Department- ECD တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
Digital Campaign နှင့်အတူ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (National Clean and Green School Award) ချီးမြှင့်ခြင်းနှင့် အိမ်တိုင်ရာရောက် ပျိုးပင်များဖြန့်ဝေ၍ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်တို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်