ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တွင် တွင်းတူးဖော်ရေး လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်
ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တွင် တွင်းတူးဖော်ရေး လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်
Ministry of Information/ နေပြည်တော် / December 05, 2019
နေပြည်တော် ဒီဇင်ဘာ ၄
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E & P Myanmar ကုမ္ပဏီသည် ကမ်းလွန်လုပ်ကွက် အမှတ် M-5 နှင့် M-6 တွင် တွင်းတူးဖော်ရေးလုပ်ငန်းများအား JACK-UP Rig, COSL BOSS (Call Sign : 9V5684) ဖြင့် Well Area 1st Well-WP2 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၉ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ် ၅၁ ဒသမ ၇ စက္ကန့်၊ 2nd and 3rd Wells-WP1 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၇ မိနစ် ၂၃ ဒသမ ၈၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ် ၆၁ ဒသမ ၁၈ စက္ကန့်တို့တွင် ၂၅.၁၂.၂၀၁၉ ရက်နေ့မှ ၃၀.၆.၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ၂၅.၁၂.၂၀၁၉ ရက်နေ့မှ ၃၀.၆.၂၀၂၀ ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာ များမှ ငါးမိုင်ပတ်လည် အတွင်း ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်းနှင့် ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း များ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထား ကြောင်း သိရသည်။
သတင်းစဉ်
