ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ NEP စီမံကိန်း-အသေးစားဓာတ်အားစနစ် စီမံကိန်းကျေးရွာများအတွက် ဓာတ်အားခလျှော့ချပေးမည်


Ministry of Information/ ​နေပြည်တော် / April 07, 2020
image_latest


 

နေပြည်တော်  ဧပြီ  ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် NEP စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပစနစ်) (Off-Grid) အစီအစဉ်အရ ဆောင်ရွက်ထားရှိသည့် အသေးစား ဓာတ်အားစနစ် စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ သက်သာသောနှုန်းထားဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဓာတ်အားခနှုန်းထားများ လျော့ပေါ့သတ်မှတ်ပေးရန် Mini-Grid Developer ကုမ္ပဏီများအား မေတ္တာရပ်ခံတိုက်တွန်းခဲ့ရာ Mini-Grid Developer ကုမ္ပဏီများကလည်း ဓာတ်အားခများအား ဖော်ပြပါအတိုင်း လျော့ပေါ့သတ်မှတ်ပေးခဲ့ကြောင်း အသိပေးအပ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန