စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဇီးဖြူကုန်းကျေးရွာနှင့် ကန်သာယာဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဇီးဖြူကုန်းကျေးရွာနှင့် ကန်သာယာဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
Ministry of Information/ စစ်ကိုင်း / July 05, 2020
မုံရွာ ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများလိုက်ပါ၍ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်(၈)နာရီက ရွှေဘိုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့က ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ အရှေ့ကျောင်းကြီးတိုက် ကျောင်းထိုင်ဆရာတော်နှင့် ကန်သာယာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်တို့အား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလအတွင်း ကန်သာယာကျေးရွာအဝင်လမ်းတွင် တပ်ဆင်ထားသည့် မောင်းတံဂိတ် ဖြုတ်သိမ်းရာမှ မတော်တဆ ဓာတ်လိုက်သေဆုံးခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးရန်နိုင်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဇာ ထံသို့ ထောက်ပံ့ငွေ တစ်သိန်းကျပ်ကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကူးတို့ဆိပ်ကျေးရွာအုပ်စု သောင်ထွဋ်ကိုင်းကျေးရွာ ဒက္ခိဏရာမကျောင်းတိုက် (တောင်ကျောင်း) ဆရာတော်အား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အဆိုပါကျေးရွာရှိ မူးမြစ်ကမ်းဘေးတွင် သလ္လာဝတီထိပ်ထားကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းနံရံတည်ဆောက်ပြီးစီးမှု အခြေအနေတို့အား လည်းကောင်း၊ မြင်းစီးကျေးရွာ အ.ထ.က(ခွဲ)တွင် မြန်မာလျှံလင်းအောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၉၀×၃၀×၁၂)ပေ Steel structure (၁)ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေတို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား သက်ဆိုင်ရာလုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထွန်းကိုကို(ယင်းမာပင်)
