တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၃ ဦးရှိ


Ministry of Information/ ​နေပြည်တော် / March 12, 2020
image_latest


နေပြည်တော်  မတ်  ၁၁

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့တွင် စတင်ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၃ ဦးရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၃ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၄၅ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၀ ၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂၂ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၇၇ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၉၁ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၂၅ ဦးရှိကြောင်း သိရသည်။

(သတင်းစဉ်)