တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / January 29, 2020


နေပြည်တော်   ဇန်နဝါရီ  ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးခြင်းနှင့် သဘာ၀ဘေး အန္တရာယ်အား တုံ့ပြန်ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်၊ အာဆီယံဒေသတွင်း နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး၊ သင်တန်းသားများ စေလွှတ်ရေး၊ ချစ်ကြည်ရေး ခရီးစဉ်များ လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတောကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။

(သတင်းစဉ်)