တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ


Ministry of Information/ နေပြည်တော် / February 09, 2021
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ကျန်းမာ ရေးဆိုင်ရာကုသ ပေးရန် အခက်အခဲ များ ဖြစ်ပေါ်မှုများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြု စေရန် အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသ ရေးဆေးရုံများဖွင့်လှစ်၍ တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများဖြင့် စုဖွဲ့ထားရှိကာ ကျန်းမာ ရေးစောင့် ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၂၁၀ ၊ အတွင်းလူနာ ၆၁၆ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာ စောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက်အကြီးစားခွဲစိတ်ကုသရန် လိုအပ် သူ ၄၀၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၂၀ စုစုပေါင်း ၆၀ တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ် ဖွယ်ရာရှိသည့် လူနာများကိုလည်း ( ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်း အပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာ ၁၂၀ ကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်ကုသပေးနိုင်ခဲ့ပြီး ၎င်းတို့ အနက် ၂၁ ဦးကို ခွဲစိတ်မွေးဖွား နိုင်ခဲ့ကာ ၄၉ ဦးကို သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့တွင် အနာဂတ် မျိုးဆက်သစ် ကလေးငယ် ၇၀ ကို မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသားပြည်သူများ အနေ ဖြင့် ကျန်းမာရေးဆိုင်ရာ အခက် အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ် ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများ မှလည်း လွှဲပြောင်းကုသမှု ခံယူနိုင် ကြောင်း သိရသည်။

ယနေ့တွင် ကချင်ပြည်နယ်။ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ဆေးရုံ လာရောက်ပြသ သူများနှင့် ဆေးရုံတက်လူနာများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များက လည်းကောင်း  သက်ဆိုင်ရာ မြို့နယ်များရှိ နယ်မြေခံ တပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့်

ဆေးရုံတက်လူနာများကိုသက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန် ရှိသူများက လည်း ကောင်း သွားရောက် ကြည့်ရှုအားပေးပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်