ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (၇/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / November 27, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၂၇

 

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၇/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေး သဘာပတိအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင်၊ ကော်မတီဝင်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ဝင်များနှင့် ပြင်ပဥပဒေအကြံပေး SCM Legal မှ Mr. Chris Hughes တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကနဉီးစက်မှုဇုန်နယ်မြေ မြေငှားစာချုပ်နှင့် ဆက်စပ်စာချုပ်များအား အချောသတ်ပြင်ဆင်ကာ ရင်းနှီး တည်ဆောက်သူထံသို့ ပေးပို့ခဲ့သည်။ ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန် ပင်မစီမံကိန်းတွင် ဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)