ပင်လည်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ပင်လည်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Sagaing Region Government/ မုံရွာမြို့ / February 05, 2020

၅.၂.၂၀၂၀ ရက်နေ့ နေ့လည် ၁၂၃၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း သာသနာ့ဓဇ ဓမ္မဗိမာန်တော်အတွင်း၌ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူ၊ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးသန်းလှိုင်၊ မြို့နယ်ထွေအုပ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးရန်ခိုင်စိုး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဉီးသန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူတို့က မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး ဒေသခံပြည်သူများက ဆေးပေးခန်းရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင််းမွန်ရေး၊ တယ်လီဖုန်းတာဝါတိုင်များ စိုက်ထူရေး၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့အတွက် တင်ပြမေးမြန်းခဲ့ကြပါသည်။ တင်ပြမေးမြန်းချက်များအား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဉီးသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဉီးမိုးကျော်သူ၊ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးသန်းလှိုင်တို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။