ပင်လောင်း၊ ဖယ်ခုံ၊ နမ့်စန်၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု


Ministry of Home Affairs/ နေပြည်တော် / November 04, 2019


ပင်လောင်း၊ ဖယ်ခုံ၊ နမ့်စန်၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှု


    ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ၀၇၄၅ အချိန်မှ ၁၆၄၀ အချိန်ထိ ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်သည့်ပူးပေါင်းအဖွဲ့သည် ပင်းလောင်းမြို့နယ်၊ ဝါးလီးကျေးရွာ ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာတို့၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၄.၅ ဧကခန့် အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

    အလားတူ ၀၈၃၀ အချိန်မှ ၁၆၃၀ အချိန်ထိ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်ပူးပေါင်း အဖွဲ့သည် ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၅ ဧက ခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

    အလားတူ ၁၃၀၀ အချိန်မှ ၁၃၃၀ အချိန်ထိ နမ့်စန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ တွန်ကျိုင်းကျေးရွာ၏အနောက်တောင်ဘက် ၅ မိုင်ခန့် အကွာ၌ အမြင့် ၆ လက်မခန့် ဘိန်းပင်ပေါက်စိုက်ခင်း ၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

    အလားတူ ၁၂၃၀ အချိန်မှ ၁၇၃၀ အချိန်ထိ လွိုင်လင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့်ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နောင်တောင်(၁)ကျေးရွာ၏မြောက်ဘက် ၁ ဖာလုံခန့် အကွာနှင့်  ၎င်းကျေးရွာ၏တောင်ဘက် ၃ မိုင်ခန့်အကွာတို့၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၃.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

    အလားတူ ၁၃၂၀ အချိန်မှ ၁၄၀၀ အချိန်ထိ မိုင်းပွန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီး သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွယ်မန့်ကျေးရွာ၏အရှေ့တောင်ဘက်၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ပြီးကြောင်း သတင်းရရှိပါသည်။

    အလားတူ ၁၄၃၀ အချိန်မှ ၁၆၀၀ အချိန်ထိ လဲချားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် လဲချားမြို့နယ်၊ နားယန်းကျေးရွာ၏အရှေ့ဘက်၌ အမြင့် ၁၀ လက်မခန့် ဘိန်းပင်ပေါက်စိုက်ခင်း ၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ပြီးကြောင်း သတင်းရရှိပါသည်။