ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီ၊ ပုထိုးများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီ၊ ပုထိုးများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်
Ministry of Information/ မန္တလေးတိုင်းဒေသကြီး / February 09, 2021
ညောင်ဦး ဖေဖော်ဝါရီ ၈
ပြည်တွင်း၊ ပြည်ပဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများ နှင့် စေတီပုထိုးများကို ယခင်က ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ဖေဖော်ဝါရီ ၈ရက် နံနက်ပိုင်းမှစပြီး ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်း ချက်များ နှင့်အညီ ပြန်လည် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
“သမိုင်းဝင် တန်ခိုးကြီးဘုရားတွေနဲ့ စေတီပုထိုးတွေကို ယနေ့ နံနက်ပိုင်းကစပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနဲ့အညီပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အခုလို ဘုရားတွေကို ဖူးမြော်ခွင့် ပေးလိုက်တဲ့အတွက် ကျွန်တော်တို့ဒေသမှာရှိတဲ့ ဟိုတယ်၊ မိုတယ် လုပ်ငန်းရှင် တွေ၊ စားသောက် ဆိုင်လုပ်ငန်းရှင်တွေ၊ ဒေသထွက် အမှတ်တရပစ္စည်း အရောင်း ဆိုင်တွေနဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေ ဆောင်ရွက် လုပ်ကိုင်ခွင့်ရရှိလို့ ဝမ်းသာပါ တယ်။ တစ်ဖက် ကလည်း ဘုရားဖူးပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ဖူးမြော်ကြဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ ဘုရားတွေတိုင်းမှာတော့ ဂေါပကအဖွဲ့ တွေ ကလည်း သက်ဆိုင်ရာဌာနများ ရဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းချက်များနဲ့အညီ ဖူးမြော် နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ထား ပြီး ဖြစ်ပါတယ်။ ဘုရားဖူးဧည့်သည် တွေ အဓိကအားထား ဖူးမြော် ကြ တဲ့ ဘုရားတွေ ကတော့ စွယ်တော် လေးဆူဖြစ်တဲ့ ရွှေစည်းခုံ စေတီတော်၊ လောကနန္ဒာ စေတီတော်၊ တန့်ကြည့် တောင်စေတီတော်၊ တုရင်တောင် စေတီတော်နဲ့ တခြား တန်ခိုးကြီး ဘုရားတွေ ဖြစ်တဲ့ မြစေတီဘုရား၊ မနူဟာဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ အလိုတော်ပြည့် ဘုရား၊ ငှက်ပစ် တောင်ဘုရား။ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိ ဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော် ဘုရား ၊ ရှင်အဇ္ဈဂေါဏဘုရား၊ ပြည့် (၅)ပြည့်ဘုရားတွေကို အားထားဖူးမြော်ကြ ပါတယ်” ဟုပုဂံညောင်ဦး မြို့မှ ဒေသခံပြည်သူ ဦးဝင်းမင်းထွန်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)