ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဒုတိယအကြိမ် သူနာပြု သားဖွား ဒီပလိုမာ အောင်လက် မှတ် အပ်နှင်းပွဲ အခမ်းအနား တက်ရောက်


Ministry of Information/ ​နေပြည်တော် / November 13, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၁၃

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း နေပြည်တော် ၏ ဒုတိယ အကြိမ် သူနာပြုသားဖွား ဒီပလိုမာအောင် လက် မှတ်အပ်နှင်းပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သူနာပြု နှင့် သားဖွား များအနေဖြင့် သူနာပြုသစ္စာအဓိဌာန်များနှင့်အညီ လူနာ များကို မိမိတို့၏ မိဘ၊ သားသမီးနှင့် ဆွေမျိုးများသဖွယ် သဘောထားကာ စေတနာပြည့်ဝစွာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် လူနာ များ ဝေဒနာ သက်သာလျော့ပါးမှု၊ ဘေးကင်းလုံခြုံမှု၊ စိတ်ကျေနပ်မှုနှင့် လူနာ များ၏ ယုံကြည်ကိုးစား မှုတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် သူနာပြုနှင့် သားဖွားများ၏ ပုံရိပ်မြင့်မားရေး၊ အရည် အသွေး မြင့်မားရေး၊ သူနာပြုနှင့် သားဖွားကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံမှန်သူနာပြုသိပ္ပံ ဘွဲ့နှင့် ပေါင်းကူးသူနာပြုသိပ္ပံဘွဲ့တို့အပြင် ဝန်ထမ်း သူနာပြုများအတွက် သူနာပြုတက္ကသိုလ်၌ အချိန် ပိုင်းနှင့် အချိန်ပြည့် သူနာပြုသိပ္ပံဘွဲ့၊ အထူး ပြု သူနာပြုဒီပလိုမာ (၉)လသင်တန်း (၉)မျိုး၊ သူနာပြု မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့များကို ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးလျက်ရှိရာ အဆိုပါဘွဲ့ များ ရရှိအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ သူနာပြု - သားဖွား သင်တန်းကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် များ၊ ပြည်တွင်း - ပြည်ပ ပညာရှင် များဖြင့် ပြုပြင်မွမ်းမံရေးဆွဲ၍ အသုံးပြုသင်ကြားလျက်ရှိ ပြီး အခြားကျန်း မာ ရေးစောင့်ရှောက်မှု ပညာရှင်များနှင့် အတူတကွ ဆွေးနွေးသင်ကြား ခြင်း ကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ယခုတစ်နိုင်ငံလုံး၌ သူနာပြု - သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းတွင် ၆၁၀၁ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၁၈)လသင်တန်းတွင် ၁၆၆၁ ဦး တက်ရောက်လျက်ရှိပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် သူနာပြု ၃၇၆၉ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ ၃၇၆ ဦး တက်ရောက်ရန် ရွေးချယ် ထားပါကြောင်း၊ သူနာပြုသင်တန်းကျောင်းသစ်များကို ရွှေဘိုမြို့နှင့် မြောင်းမြမြို့၊ သားဖွား သင်တန်းကျောင်းကို ဟာခါးမြို့တို့တွင် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်း၊ ထို့အပြင် ပုဂ္ဂလိကသူနာပြုသင်တန်းကျောင်း (၄) ကျောင်းကို မကြာမီဖွင့်လှစ် မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ သူနာပြုသားဖွားများ ပါဝင်တက် ရောက် မည့် “သူနာပြုသားဖွားများ သင်ကြားလေ့ကျင့်မှု ပိုမိုကောင်းမွန်တိုးတက်ရေး အမျိုးသား အဆင့်နှီးနှောဖလှယ်ပွဲ”ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ခန့်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါနှီးနှောဖလှယ်ပွဲမှ ရရှိသောအကြံပြု ဆွေးနွေးချက်များဖြင့် လုပ်ငန်းမူဘောင်နှင့် လမ်းပြ မြေပုံများ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော သူနာပြုနှင့် သားဖွားဆရာမများ အတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် မွမ်းမံသင်တန်းများ ကို အကျိုးရှိထိရောက်စွာ ဆောင် ရွက်နိုင်ရေးအတွက် ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ အင်တာနက်ကွန်ရက် အသုံးပြု၍ စဉ်ဆက်မပြတ် သူနာပြုသားဖွားပညာသင်ကြားရေး လုပ်ငန်းများ ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သူနာပြုသားဖွားများ၏ ပုံရိပ်မြင့်မားရန် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်း ကျင်တတ်မြောက်ရုံဖြင့် မပြည့်စုံနိုင်ဘဲ ကျင့်ဝတ်များကို လေးစားလိုက်နာရန် အထူးလိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း နေပြည်တော်၏ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်း လင်းက သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သူနာပြုသားဖွားဒီပလိုမာသင်တန်း အောင်မြင်ပြီး မြောက်ခဲ့သူ (၅၈) ဦးအား သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ်များအပ်နှင်းသည်။

သူနာပြုသင်တန်းကျောင်း နေပြည်တော်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)