ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြေပေါ်မြေအောက်သယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှု အစီအစဉ်အပေါ် လိုက်နာဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မြေပေါ်မြေအောက်သယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှု အစီအစဉ်အပေါ် လိုက်နာဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Ministry of Information/ နေပြည်တော် / November 18, 2019
နေပြည်တော် နိုဝင်ဘာ ၁၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာအုပ်စု၊ ရေဦးဒေသတွင် တည်ရှိသည့် ဟာဘော်စတားသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်၏ သတ္တု တူးဖော်ခြင်းလုပ်ငန်းကို ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်၊ မြင်းကဒိုးကျေးရွာအုပ်စု အတွင်းရှိ ရေပြာအိုင်အား ကြည့်ရှုစစ်ဆေး၍ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ဒေသတွင် တွေ့ရှိရ သည့် ဆန်းပြားသည့်ဘူမိသွင်ပြင်နှင့် ထူးခြားမှုအပေါ်အခြေခံ၍ သဘာဝခရီးသွားလုပ်ငန်းတိုး တက်ပြီး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုနိုင်သည့် အတွက်ဘူမိသွင်ပြင်ထူးခြား မှုကို အဘက်ဘက်မှ ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ရေပြာအိုင်ရေဝေရေလဲထိန်းသိမ်းရေး အတွက် လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။
ယင်းနောက် ရွာငံမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ မင်းတိုင်ပင်သစ်တော လုပ်ငန်းလေ့ကျင့် သင်ကြားရေး စခန်း အား ကြည့်ရှုစစ်ဆေး၍ အဆောက်အဦနှင့် အသုံးအဆောင်ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်း ဆောင် ရွက်ရန်၊ ဌာနမြေနေရာများအား မြေပိုင်ဆိုင်မှုခိုင်မာစေရေးဆောင်ရွက် ထားရှိရန်နှင့် ကျူးကျော် ဝင်ရောက် နေထိုင်မှုမရှိစေရေးအတွက် အလေးထားကြပ်မတ်ဆောင်ရွက် ရန်တို့ကိုဆွေးနွေးမှာကြား၍ ပျိုးဥယျာဉ်အား ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ယကြီးကျေးရွာသို့ ဆက်လက်ထွက်ခွာ၍ ယကြီးကျေးရွာဒေသခံများက ထိန်းသိမ်း ထားရှိသည့် သဘာဝတောနှင့် ကော်ဖီစိုက်ခင်းအားကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူ များအား တွေ့ဆုံ အားပေး စကားပြောကြားကာ လိုအပ်သည်များ ဆွေးနွေးမှာ ကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာ အမှတ်(၁) သတ္တု တွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိ သည့် GPS Joint Venture Co., Ltd. ၏ ခဲသတ္တုသန့်စင်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ Myanmar Belle ကုမ္ပဏီ၏ ဟင်းသီး ဟင်းရွက်အခြောက်ခံစက်ရုံ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အပေါ် လိုက်နာ အကောင် အထည် ဖော် ဆောင်ရွက်နိုင်မှုအား ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ရွှေလဖုန်းကျေးရွာရှိ Red Mountain ဝိုင်စက်ရုံသို့ရောက်ရှိကာ စပျစ်ဝိုင်ထုတ်လုပ်မှု၊ ထုတ်ပိုးသိုလှောင်မှုတို့ကို စစ်ဆေး ကြည့်ရှုကာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုမ္ပဏီက ရှင်းလင်းတင်ပြသည့် လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်အလိုက် လိုအပ်ချက်များအား ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ရှမ်းရိုးမဆင်စခန်းသို့ ရောက်ရှိပြီး ဆင်စခန်း တာဝန်ခံကဆင်စခန်းပြုပြင်မွမ်းမံဆောင်ရွက်မှု၊ ရှေ့ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြေသားပြိုကျမှုထပ်မံမဖြစ်ပေါ်စေရေး အတွက် မြေထိန်းနံရံဆောင်ရွက်ရန်၊ ဆင်ထား ရှိရန်အတွက် အဆောင်ထပ်မံတိုးချဲ့ဆောင်ရွက်ရန်၊ ချောင်းကူးတံတားထပ်မံတည်ဆောက်ရန် လိုအပ်ချက် တွက်ချက်တင်ပြရန်၊ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်သည့်အတွက် လာရောက်လေ့လာ လည်ပတ် သည့်ဧည့်သည်များအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဆင်စခန်းဝန်းကျင်သန့်ရှင်း သပ်ယပ်သာယာလှပရေး အထူးအလေးထားဆောင်ရွက်ရန် တို့ကိုမှာကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ လှိုင်းတက်ကျေးရွာရှိ မြန်မာ့သစ် လုပ်ငန်း သစ်ဆိပ် သို့ရောက်ရှိရာ သစ်ဆိပ်တာဝန်ခံကလွိုင်လင်သစ်ထုတ်ရေးဒေသက ထွက်ရှိလာ သည့် ကျွန်းနှင်သစ်မာ များအား သယ်ယူစုပုံမှုနှင့်လပ်ပုံထိုင်ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းရာသီတွင် သစ်သယ်ယူခြင်း၊ လပ်ပုံထိုင်ခြင်းလုပ်ငန်း များကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်၊ သစ်ထုတ်လုပ်သည့်ဒေသမှဈေးကွက်သို့ တိုက်ရိုက် သယ်ပို့၍ လပ်ပုံထိုင်ရောင်းချနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ သစ်ဆိပ် အတွင်းမီးဘေးအန္တရာယ် ကာကွယ်ရေးကိုအထူးအလေးထားဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက သာစည်မြို့နယ်၊ ရူပါတောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၃၀)အတွင်း စိုက်ပျိုးထားရှိသည့် ၂၀၁၉ခုနှစ်၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
