ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Norwegian Refugee Council – (NRC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / November 01, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Norwegian Refugee Council-(NRC) ၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Jan LauritsEgeland နှင့်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် NRC အဖွဲ့အစည်းအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်နေမှုများ၊ IDP စခန်းများ ပိတ်သိမ်း ရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာအား ရေးဆွဲ အတည်ပြုခဲ့ပြီးနောက် ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအပါအဝင် ပြည်တွင်းရှိ နေရပ်စွန့်ခွာသူများအတွက် ရေရှည်ဖြေရှင်းနိုင်မည့် အဖြေရှာဖွေရေး၊ လူမှုသဟဇာတမျှတရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)