ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့
Ministry of Information/ နေပြည်တော် / January 04, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၇၃)နှစ်မြောက်လွတ်လပ်ရေး နေ့ ကျရောက်သည့် အခါသမယတွင် ကျွန်တော်သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူလူထုကိုယ်စားသော်လည်းကောင်း၊ ကျွန်တော့်အနေဖြင့်သော် လည်းကောင်း အဆွေတော် နှင့် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူလူထုအား လှိုက်လှဲစွာထောမနာ ဂုဏ်ပြုပြီး ဆုတောင်းမေတ္တာပို့သပါကြောင်း ဖော်ပြ အပ်ပါသည်။
မြန်မာနိုင်ငံအစိုးရဦးဆောင်မှုအောက်တွင် မြန်မာပြည်သူလူထုသည် ကိုယ့်နိုင်ငံ ပကတိအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်း အတိုင်းချီတက်သွားပြီး တိုင်းပြည်အတွက် ပိုမိုသာယာတောက်ပသည့် အနာဂတ်ကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ပါသည်။
လွန်ခဲ့သောဇန်နဝါရီလက အဆွေတော်၏ဖိတ်ကြားချက်အရ အဆွေ တော်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေးသည် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်သည့် ခေတ် ကာလသစ်သို့ တက်လှမ်းဝင်ရောက် ပါသည်။ ကျွန်တော်သည် တရုတ်-မြန်မာ ဆက်ဆံရေးကို အလေးအနက်အသားပေးပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဖြစ်ထွန်းတိုးတက်ရေး၊ COVID-19 ကပ်ရောဂါ လက်တွဲခုခံတိုက်ဖျက်ရေး နှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဘက်တွင် အဆွေတော်နှင့် အတူ ကြိုးပမ်းဖော်ဆောင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက် အဝန်းထူထောင် ရေး၌ အောင်မြင်မှုအသီးအပွင့်များ အဆက်မပြတ်ရရှိအောင် တွန်းအားပေးရန် ဆန္ဒပြုပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာဝပြောပါစေ၊ ပြည်သူပြည်သားအားလုံးဘဝ ချမ်းမြေ့ရွှင်လန်းပါစေ။ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ပါစေ။
အမေရိကန်ပြည်ထောင်စု
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ် ဂျေ ထရမ့်ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ (၇၃) နှစ်မြောက်လွတ်လပ်ရေး နေ့နှစ်ပတ်လည်အခါသမယအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ဆုမွန်ကောင်းတောင်းအပ်ပါ သည်။
ပြည်သူပြည်သားအားလုံး၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာအား လေးစားသည့် ပိုမိုငြိမ်းချမ်းသော၊ ဒီမိုကရေစီနည်းလမ်းကျသော၊ ကြွယ်ဝ ချမ်းသာသောနိုင်ငံဖြစ်ရန် တည်ဆောက်လျက်ရှိသည့် မြန်မာပြည်သူပြည်သား အားလုံးနှင့် အမေရိကန်ပြည်ထောင်စု အနေဖြင့် ခိုင်မာသောမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
ယခုကဲ့သို့ ထူးမြတ်သည့် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေ တော်နှင့် မြန်မာပြည်သူပြည်သားများကို ဆုမွန်ကောင်း ပို့သအပ်ပါသည်။
အိန္ဒိယသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူများအား အိန္ဒိယ အစိုးရနှင့် ပြည်သူများ ကိုယ်စား မိမိက နှုတ်ခွန်းဆက်သလိုက်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် အဆွေတော်၏ ချစ်ကြည်ရေးခရီးစဉ်အောင်မြင်မှုက မိမိတို့၏ အစဉ် တိုးတက် နေသော နှစ်နိုင်ငံဆက်ဆံရေးကို အားသစ်လောင်းပေးခဲ့ကြောင်းကို ပြန်ပြောင်း ပြောကြားလိုကြောင်း၊ အပြန်အလှန်ယုံကြည်မှုနှင့် ဘုံဆက်နွှယ်မှုများကို အခြေခံသည့် မိမိတို့ ဆက်ဆံရေးသည် ကိုဗစ်ရောဂါ ဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း၌ပင် ကဏ္ဍအများအပြားတွင် ဆက်လက် ထွန်းကားကျယ်ပြန့် လာနေသည်ကို တွေ့မြင်ရသည့်အတွက် အားရကျေနပ်မိပါသည်။
အဆွေတော် ကျန်းမာရွှင်လန်းစေရန်နှင့် မြန်မာပြည်သူများ ဆက်လက် သာယာဝပြောစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဂျပန်နိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါ ရိုရှီဟိဒဲထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် လွတ်လပ် ရေးနေ့ အခါသမယတွင် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေ ဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အဆွေတော်ထံသို့ ဆုတောင်းမေတ္တာ ပို့သ အပ်ပါသည်။
ကိုရိုနာကပ်ရောဂါ၏ စိန်ခေါ်မှုများကို ကမ္ဘာပေါ်၌ ကြုံတွေ့နေရစဉ် ဂျပန် နိုင်ငံအနေဖြင့် ယခုကဲ့သို့ အခက်အခဲကာလများကို မြန်မာနိုင်ငံနှင့်အတူ ကျော်လွှားသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် နှစ်နိုင်ငံအကြား အပြန်အလှန် ထိတွေ့ဆက်ဆံသွားလာမှုများကို ပိုမိုမြှင့်တင်သွား လိုပါသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပိုမိုခိုင်မာဖြစ်တည်ရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ပါသည်။ ဂျပန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေးအတွက် အစွမ်းကုန် ကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်။
အဆွေတော်အား မိမိအနေဖြင့် ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း နှင့် အဆွေတော်နှင့် မြန်မာပြည်သူများ အောင်မြင်မှု များပိုမိုရရှိပြီး ကျန်းမာသုခ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
စင်ကာပူသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဟာလီမာ ယာကော့ဗ်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပျော်ရွှင်ဖွယ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယ၌ စင်ကာပူနိုင်ငံ ပြည်သူများ ကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ အပြန်အလှန် အဆင့်မြင့် ခရီးစဉ်များနှင့် ပြည်သူများအကြား ခင်မင်ရင်းနှီးသော ထိတွေ့ ဆက်ဆံမှုများဖြင့် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးကို အခိုင်အမာတည် ဆောက်ထားပါသည်။ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ အပါအဝင် အခြားနယ်ပယ်ကဏ္ဍအသီးသီး၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ သည်။ COVID -19 ကပ်ရောဂါကာလ စိန်ခေါ်မှုများအကြား နှစ်နိုင်ငံ ပြည်သူများ အား ပြန်လည်ပို့ဆောင်ရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ရေးကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိရပါသည်။
အဆွေတော် ကျန်းမာပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ဆက်လက်၍ ငြိမ်းချမ်းသာယာဝပြော ပါစေကြောင်း မိမိ အနေဖြင့် ဆုမွန်ကောင်းပို့သအပ်ပါသည်။
ဩစတြေးလျနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဩစတြေးလျနိုင်ငံ ဘုရင်ခံချုပ် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဟာ့လ်လေ အေစီ ဒီအက်စ်စီ (ငြိမ်း) ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် ဩစတြေးလျနိုင်ငံ အစိုးရ၊ ပြည်သူများနှင့်အတူ မိမိအနေဖြင့် မြန်မာအစိုးရ၊ ပြည်သူများနှင့် အဆွေတော်ထံသို့ ဆုမွန်ကောင်းပို့သအပ်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင် ရန်အတွက် ကမ္ဘာ့နိုင်ငံများအတူတကွ လက်တွဲ ဆောင်ရွက်မှု နှင့်အတူ နိုင်ငံ တကာအသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုသည် ပိုမိုအရေးကြီးပါသည်။
လာမည့်နှစ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးသည် ပိုမိုထွန်းကားလာမည်ဟု မိမိအနေဖြင့် ယုံကြည် ပါသည်။
ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ ဖရန့် ဝေါတာ စတိုင်းမားထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများထံသို့ ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း မိမိအနေဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံ၌ ပြည်တွင်းမူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲ ကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ အဖြစ်ရောက်ရှိရန် အသွင်ကူးပြောင်းရာတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းမှု လုပ်ငန်းစဉ်အား တက်ကြွစွာ ထောက်ခံသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် လည်း မြန်မာနိုင်ငံ၏ အပြုသဘော ဆောင်သောမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပါသည်။
အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်စေရန် ကြိုးပမ်း တိုက်ဖျက်ရာတွင် အဆွေတော် ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများကို အားအင်အပြည့်ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
ထိုင်းနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီယာ လောင်ကွန်း ဖရာ့ ဗာဂျီယာကလောင့်ကျောင့်ယူဟူဝါထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါ သမယတွင် မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်းနှင့် အဆွေတော်ကျန်းမာပျော်ရွှင်ပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ဆက်လက် သာယာဝပြော၍ ကြွယ်ဝ တိုးတက်စေရန် ဆုမွန်ကောင်းပို့သအပ်ပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည်နှင့်အညီ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်ပယ်ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက် မှုတို့ကို အစဉ်တစိုက် ပိုမိုမြှင့်တင်လျက်ရှိကြပါသည်။ နှစ်နိုင်ငံပြည်သူများ၏အပြန်အလှန်အကျိုးစီးပွား အတွက် ဤထူးခြားသည့် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေရန် မိမိတို့နှစ်နိုင်ငံ အတူတကွ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဟု ယုံကြည်ပါသည်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတ ငုယင် ဖူးကျောင့်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ် ရေးနေ့ အခါသမယတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံနှင့် ပြည်သူများ ကိုယ်စား မိမိအနေဖြင့် အဆွေတော်၊ မြန်မာနိုင်ငံတော်နှင့် မြန်မာပြည်သူ များအား ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံအတွက် ဝမ်းမြောက်ဂုဏ်ယူ မိပါသည်။ အဆွေတော်၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် အောင်မြင်တိုးတက်မှုများ ရရှိလျက် ငြိမ်းချမ်းသာယာဝပြော၍ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသို့ ဦးတည်စေ နိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မိမိ၏တရားဝင် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာမိတ်ဖက် ဆက်ဆံရေး တည်ထောင်ခဲ့ချိန်မှစ၍ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုမှာ ပိုမိုဆက်လက်ခိုင်မာလာခဲ့သည်ကို ဝမ်းမြောက် ဖွယ်မှတ်သားရပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် လည်းကောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် လည်းကောင်း နှစ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ၏ ဘုံသန္နိဋ္ဌာန်နှင့် ကြိုးပမ်း အားထုတ်မှုများဖြင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးမှာ ဆက်လက် ထွန်းကား၍ ပိုမိုမြင့်မားသည့်အဆင့်သို့ တက်လှမ်းရောက်ရှိမည်ဟု ယုံကြည်ပါ သည်။
အဆွေတော် ကျန်းမာပျော်ရွှင်စေရန် ဆုမွန်ကောင်းပို့သအပ်ပါသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ သမ္မတ ဂျိုကို ဝီဒိုဒိုထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ များအား အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဆုမွန်ကောင်းပို့ သအပ်ပါသည်။
သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ အလွန်ခက်ခဲသည့်နှစ်ဖြစ်ကာ ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် မကြုံစဖူး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကို ရင်ဆိုင် ဖြေရှင်းခဲ့ရပါသည်။ သို့ရာတွင် မြန်မာအစိုးရအနေဖြင့် တင်းကျပ်သည့် ကျန်းမာ ရေးစည်းကမ်းချက်များ နှင့်အညီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ခြင်းအပြင် ကပ်ရောဂါအား ကောင်းမွန်စွာထိန်းချုပ်လျက်ရှိသည်ကို ပြသနိုင်ခဲ့ပါသည်။ သို့ပါ၍ လာမည့် ၂၀၂၁ ခုနှစ်တွင်လည်း ကပ်ရောဂါအား မိမိတို့ အတူတကွ အောင်မြင်စွာ ဆက်လက် ကာကွယ်ထိန်းချုပ်သွားမည်ဖြစ် ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ထပ်လောင်း ကတိပြုလျက် အဆွေတော်အား အစဉ်ချစ်ကြည် အလေးထား လျက်ရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ်ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် လာအိုနိုင်ငံပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများအား လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ အနီးကပ် လမ်းညွှန်မှုများအောက်တွင် နှစ်နိုင်ငံအတွက် သိသာထင်ရှားသည့်အကျိုးရလဒ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် မှုများကို ဖြစ်ထွန်းစေရန် မိမိတို့နှစ်နိုင်ငံအကြား ကာလရှည်တည်ရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုတို့သည် လာမည့် နှစ်များအတွင်း ပိုမိုခိုင်မာတိုးတက်လာမည်ဟု မိမိအနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်။
သက္ကရာဇ် ၂၀၂၁ ခုနှစ် နှစ်သစ်အခါသမယ၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူများအား ပိုမိုဖွံ့ဖြိုးတိုးတက်၍ ရေရှည် သာယာဝပြောရေးအတွက် ဦးဆောင်ရာတွင် အဆွေတော် ကျန်းမာပျော်ရွှင်၍ လုပ်ငန်းဆောင်တာများတွင် ပိုမိုအောင်မြင်ပါစေ ကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြ အပ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံသို့ ကိုရီးယားသမ္မတနိုင်ငံသမ္မတ မွန်ဂျေအင်းထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်နှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများထံသို့ ဂုဏ်ယူဝမ်းမြောက် ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်သည့် (၄၅)နှစ် ပြည့်မြောက်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေးတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်မှာ နှစ်ထောင်း အားရဖွယ်ဖြစ်ပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ခိုင်မာခဲ့ပြီးဖြစ်သည့် ချစ်ကြည် ရင်းနှီးသည့်ဆက်ဆံရေးသည် လာမည့်နှစ်များတွင် ပိုမိုအပြန်အလှန် အကျိုး ဖြစ်ထွန်းစေလျက် ဖွံ့ဖြိုးတိုးတက်လာပြီး၊ နှစ်နိုင်ငံပြည်သူများအကြား အပြန် အလှန် သွားလာဆက်ဆံမှုများနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုနက်ရှိုင်းလာမည်ဟု မျှော်လင့်ပါသည်။
အဆွေတော် ကျန်းမာစေရန်နှင့် လုပ်ငန်းဆောင်တာအဝဝ ဆက်လက် အောင်မြင်စေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာယာဝပြောမှု အဓွန့်ရှည်တည်တံ့စေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အီတလီသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံသို့ အီတလီသမ္မတနိုင်ငံ သမ္မတ ဆာဂျီရို မတ်တာရီလာထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများထံသို့ အီတလီနိုင်ငံမှ ဆုမွန်ကောင်း ပို့သအပ်ပါသည်။
မကြာမီက ကျင်းပခဲ့သည့် စနစ်ကျပြီး ငြိမ်းချမ်းသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီထူထောင်ရေးလုပ်ငန်းစဉ် ပိုမိုခိုင်မာ တိုးတက်ရေးအတွက် မြန်မာ ပြည်သူ ပြည်သားများအနေဖြင့် ယင်းတို့၏ မျှော်လင့်ချက်နှင့် ယုံကြည်ချက် များကို ဖော်ပြနိုင်ခဲ့ကြသဖြင့် အီတလီနိုင်ငံအနေဖြင့် ထောက်ခံပါသည်။
အာဆီယံဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံဖြစ်သည့် အီတလီနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ပိုမိုတိုးမြှင့်နိုင်မည်ဟု ယုံကြည်လျက် အဆွေတော်နှင့် ပြည်သူပြည်သားများ ငြိမ်းချမ်းပျော်ရွှင်ပြီး သာယာဝပြောပါစေကြောင်း ထပ်လောင်း၍ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခချန်းထံမှ (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိသည့် (၇၃)နှစ်ပတ်လည် အချိန်သမယတွင် ကျွန်တော်သည် အဆွေတော် အား လှိုက်လှဲစွာ ထောမနာဂုဏ်ပြုပါကြောင်းနှင့် ဆုတောင်းမေတ္တာပို့သပါကြောင်း ဖော်ပြ အပ်ပါသည်။
လွန်ခဲ့သောနှစ်များအတွင်း၌ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် ပြည်သူ့ဘဝအဆင့်အတန်း မြှင့်တင်ပေးမှုစသည့် နယ်ပယ်အသီးသီးတွင် အောင်မြင်မှုသစ်များ အဆက်မပြတ်ရရှိခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်၏ လက်တွဲ ကြိုးပမ်းအားထုတ်မှုဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုး တိုးတက်မှုကို ကောင်းမွန်စွာ ထိန်းသိမ်း၍ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်သစ်များကို အဆက်မပြတ် ရရှိခဲ့ပါသည်။ ကျွန်တော်သည် အဆွေတော် နှင့်အတူ နှစ်ဦးနှစ်ဖက် နယ်ပယ်အသီးသီးရှိ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အဆင့်အတန်းကို တိုးမြှင့် အောင်တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်လိုပါ၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူ ပြည်သားများအတွက် အကျိုးဖြစ်ထွန်းစေပါမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စည်ပင်သာယာ၍ မြန်မာပြည်သူ ပြည်သားအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ပိုမိုဖွံ့ဖြိုးတိုးတက်သွားပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ် ပါသည်။
ဂျပန်နိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါရိုရှီဟိဒဲ ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အဆွေတော်ထံသို့ ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် လေးစားဂုဏ်ယူပါကြောင်း ထပ်လောင်းဖော်ပြ အပ်ပါသည်။
ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံနှင့်အတူ ဆက်လက်၍ ဒိုးတူပေါင်ဖက် ရပ်တည် သွားမည်ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများ အပေါ် အစွမ်းကုန် ကူညီပံ့ပိုးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ရန်အတွက် အနာဂတ်ကာလတွင် အဆွေတော်နှင့် အမြင်ချင်းဖလှယ်သွား နိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါသည်။ မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာ ပြည်သူများ အောင်မြင်မှုများပိုမိုရရှိပြီး ကျန်းမာသုခပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဗြိတိန်နိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဗြိတိန် နိုင်ငံ ဒုတိယမြောက် အယ်လဇ္ဇဘက် ဘုရင်မကြီးထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ယခုကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင် နေရသည့်ကာလတွင် မြန်မာပြည်သူ ပြည်သားများ အားလုံးအတွက် ဆုမွန် ကောင်း ပို့သအပ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ကိုရီးယား သမ္မတနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် (၄၅) နှစ်ပြည့်မြောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်မှာ နှစ်ထောင်းအားရဖွယ် ဖြစ်ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy Plus မဟာဗျူဟာ သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အထောက် အကူ ဖြစ်စေမည်ဖြစ် ကြောင်း အဆွေတော်၏ထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိပါသည်။ မိမိတို့ နှစ်နိုင်ငံအကြား ခိုင်မာ တည်ရှိသော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးသည် လာမည့်နှစ်များတွင် ပိုမိုအပြန်အလှန် အကျိုးဖြစ်ထွန်းစေလျက် ဖွံ့ဖြိုး တိုးတက် လာပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် သွားလာဆက်ဆံမှုများနှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုနက်ရှိုင်း လာမည်ဟု ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာစေရန်နှင့် လုပ်ငန်းဆောင်တာအဝဝ ဆက်လက် အောင်မြင်စေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာယာဝပြောမှု အဓွန့်ရှည်တည်တံ့စေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ များအား အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သည့်နှစ်ဖြစ် ကာ ယခုနှစ်ကူးခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် မြန်မာ အစိုးရ အနေဖြင့် ကပ်ရောဂါ ကာလအတွင်း တင်းကျပ်သည့် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အထွေ ထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ဤအခါသမယတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် မြှင့်တင်သွားမည်ဟု မိမိအနေဖြင့် ကတိ ကဝတ် ပြုအပ်ပါသည်။ ပြီးခဲ့သည့်နှစ် များအတွင်း ထူထောင်ထားရှိသော နှစ်နိုင်ငံအကြားကောင်းမွန်သည့် ဆက်ဆံရေးမှာ အင်ဒိုနီးရှား ပြည်သူနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ဆက်လက် ခိုင်မာစေရေးအတွက် ခိုင်မာသော အခြေခံကောင်းတစ်ခုပင် ဖြစ်ပါသည်။
အဆွေတော်နှင့် မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုများ ရရှိပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင် (၇၃)နှစ်မြောက် လွတ်လပ် ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အစိုးရကိုယ်စား မိမိအနေဖြင့် အဆွေတော်ထံသို့ နှုတ်ခွန်းဆက်သအပ်ပါသည်။
ရုရှား-မြန်မာ ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်မှုအပေါ် လွှမ်းခြုံထားသော ဆက်ဆံရေး ဖြစ်ပါကြောင်း၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးများအပြင် ကဏ္ဍစုံ၌ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အကျိုးတူစီမံကိန်းများကို တိုးမြှင့်သွား ခြင်းဖြင့် နှစ်နိုင်ငံ၏ အကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်ပေးသွားနိုင် မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာချမ်းသာပြီး အရေးကြီးသည့် လုပ်ငန်းဆောင်တာ များ ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိ ပါစေကြောင်းနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
စင်ကာပူသမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီရှန်လုံး ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါ သည်။
စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အထူးကောင်းမွန်သော ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင် များနှင့် ပြည်သူများ အကြား အပြန်အလှန်လည်ပတ်မှု ခရီးစဉ်များမှတစ်ဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို အားကောင်း စေခဲ့ပါသည်။ စိန်ခေါ်မှုများကိုကျော်လွှား၍ ကပ်ရောဂါကာလအလွန် အခွင့် အလမ်းများကို ရရှိအသုံးချနိုင်ရန် မိမိတို့နှစ်နိုင်ငံအကြား အတူတကွ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာအောင်မြင်ပါစေကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်း ပို့သအပ်ပါသည်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုယင် စွမ်းဖု ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံအစိုးရနှင့် ပြည်သူ များကိုယ်စား မိမိအနေဖြင့် အဆွေတော်၊ မြန်မာအစိုးရနှင့် မြန်မာပြည်သူများ အား ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဗီယက်နမ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် လည်းကောင်း၊ သာယာဝပြော ၍ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသို့ ဦးတည်ရာတွင်လည်းကောင်း ဒေသတွင်းနှင့် နိုင်ငံတကာ၌ ပိုမိုအရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်လျက် ဆက်လက်၍ အောင်မြင်မှုများရရှိမည်ဟု အခိုင် အမာယုံကြည်ပါသည်။
ဗီယက်နမ်အစိုးရနှင့် ပြည်သူများအနေဖြင့် ဗီယက်နမ်-မြန်မာ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို အလေးထား၍ ပြီးခဲ့ သည့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်ခဲ့ ခြင်းအပေါ် အားရကျေနပ် လျက်ရှိပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား အတွက်လည်းကောင်း၊ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်လည်းကောင်း ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမိုမြင့်မားသည့်အဆင့်သို့ မြှင့်တင်နိုင်ရန် မိမိအနေဖြင့် အဆွေတော် နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထားပါ
သည်။
အဆွေတော် ကျန်းမာပျော်ရွှင်စေရန် ဆုမွန်ကောင်းပို့သအပ်ပါသည်။
ချက်သမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် အန်းဒရက်ဘာဘိစ်ရှ် ထံမှ (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ် ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ ကြွယ်ဝချမ်းသာ၍ ဆတက်ထမ်းပိုး အောင်မြင်မှုရရှိပါ စေကြောင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့အကြား အစဉ်အလာအရ ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေး ဆက်လက်ရှင်သန် ထွန်းကား လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာသုခပြည့်ဝပါစေကြောင်းနှင့် အဆွေတော်၏နိုင်ငံ ကြွယ်ဝချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ထိုင်းနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်းထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ဆက်လက်ကြွယ်ဝ တိုးတက်စေရန် ဆုမွန်ကောင်း ပို့သအပ်ပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုမှာ နှစ်နိုင်ငံချင်းသာမက အာဆီယံနှင့် အခြားမူဘောင်များ၌လည်း နက်ရှိုင်းကျယ်ပြန့်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါသည်။ လာမည့် နှစ်များတွင် လက်တွဲပူးပေါင်းဆောင်ရွက်မှုများဖြင့် မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာလာလျက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးသည် လည်း ရှေ့သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကိုကျော်လွှားရန် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ထိုင်း နိုင်ငံအနေဖြင့် ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး မိမိတို့နှစ်နိုင်ငံ နှင့် ပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွားအတွက် နှစ်နိုင်ငံအကြား ထူထောင်ထားရှိသည့် မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားနိုင်ရန် ထပ်လောင်းကတိပြုပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထား လျက်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။