ပြည်သူများအားလုံး ပါဝင်နိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ကြိုးပမ်းဖော်ဆောင်နေသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့


Ministry of Information/ Bago / May 18, 2020
image_latest


 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရ ရှိစေမည့် မြို့ပြကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး မဟာ ဗျူဟာများ၊ ဒေသန္တရစီမံကိန်းများကို နိုင်ငံတော်အစိုးရမှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

“စတုတ္ထ (၁) နှစ်တာကာလမှာ နိုင်ငံတော် က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ အထူး သဖြင့် ၂၀၃၀ အတွင်း ချမှတ်ထားတဲ့  တိုးတက် ပြောင်းလဲရေးတွေကို အခြေခံတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ညွှန်ကြား ချက်နဲ့ အညီ တိုင်းဒေသ ကြီးလွှတ်တော်နဲ့ ပေါင်းစပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေကို အခြေပြုပြီး ဆောင်ရွက်သွား မှာ   ဖြစ်ပါတယ်”ဟု   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်  စတုတ္ထ (၁) နှစ်တာ ကာလအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည့် မဏ္ဍိုင်ကြီး (၃) ရပ်အပြင် ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကိစ္စများကို    အလေးထား ဆောင်ရွက်ခဲ့သည်။

ထို့ပြင်    ပဲခူးတိုင်းဒေသကြီး   ပြုပြင် ပြောင်းလဲမှုဆိုင်ရာ  ဦးစားပေးကဏ္ဍများအနေ ဖြင့်     (၁) လျှပ်စစ် ဓာတ်အား ပိုမိုရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်မြို့ပြ ဖွံ့ဖြိုးရေးကဏ္ဍများ၊   (၂)  စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍ၊ (၃) စက်မှုကဏ္ဍ (အသေး စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍ)၊   (၄)  အထူးစီးပွားရေးဇုန်များ ပေါ်ထွန်းလာရေး၊    (၅) လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေး၊  (၆) ကုန်သွယ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်လာရေး၊ (၇) လယ်ယာမြေ သစ်တော နှင့် အခြားသဘာ၀သယံဇာတများ စီမံခန့်ခွဲမှု၊ (၈) ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ   တိုးတက်မြင့်မားရေး၊    (၉) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်  သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ (၁၀) အခွန် အကောက်များ စနစ်တကျမှန်ကန်စွာ ကောက်ခံရရှိရေး၊ (၁၁) အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အဂတိ လိုက်စားမှုများ          တိုက်ဖျက်ရေးကဏ္ဍ၊ (၁၂) ပါဝင်ပတ်သက်သူများ  Stake-holders များနှင့်  ပူးပေါင်း ဆောင်ရွက် မှုများ တိုးတက် မြင့်မားရေး စသည့်ကဏ္ဍများကို ဆောင်ရွက် လျက်ရှိသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်

အုပ်ချုပ်ရေးမဏ္ဍိုင်၏ ပြုပြင်ပြောင်းလဲ ရေးအတွက် အစိုးရအဖွဲ့ ဖွဲ့စည်းပုံအရ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအား  ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် အခြေခံကျသော ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအတွက် စွမ်းဆောင် ရည်မြင့်မားရေးသင်တန်းများကို    မြို့နယ် အသီးသီး တွင် ပို့ချနိုင်ခဲ့သည်။ ဒီမိုကရေစီနှင့် ပတ်သက်သော    အလေ့အကျင့်ကောင်းများ တိုးတက်စေရန် ပြည်သူလူထုတွေ့ဆုံပွဲများ၊ ဒေသဖွံ့ဖြိုးရေးခရီးစဉ်များနှင့်   ဌာနဆိုင်ရာ အစည်းအဝေးများကို လိုက်နာ ကျင့်သုံးရေး ဆွေးနွေးပြောကြားနိုင်ခဲ့သည့်အပြင်    တိုင်း ဒေသကြီးအတွင်း Citizen Budget သုံးစွဲမှုနှင့် ပတ်သက်ပြီး Bago Region Government Website ၌  လွှင့်တင်နိုင်ခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင်

တရားစီရင်ရေးမဏ္ဍိုင်၏ ပြုပြင်ပြောင်းလဲ မှု လုပ်ငန်းစဉ်အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ငါးနှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း   (၂၀၁၈ - ၂၀၂၂) ကို ချမှတ်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသ ကြီး တရားလွှတ်တော်အနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လမ်းညွှန်ချက်နှင့် အညီ အကောင်အထည်ဖော်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင်  ပြည်သူကိုဗဟိုပြုသော ဥပဒေ အထောက် အကူပြုရုံးများ      ဖွင့်လှစ်ခြင်း၊ တရားရုံးသို့ လာရောက်သောအမှုသည်များ၊ ပြည်သူများ တရားရုံး၏ သတင်း အချက် အလက် များကို အလျင်အမြန် သိရှိနိုင်စေရန်အတွက် ရုံးတိုင်းတွင်   Information Counter များ ဖွင့်လှစ်ပေးခြင်း၊ အမှုများ တရားစွဲတင်ရာတွင် အဆင်ပြေ ချောမွေ့လွယ်ကူစေရန်အတွက် Intake Counter များ ထားရှိဆောင်ရွက်ခြင်း တို့ကို ရုံးပေါင်း ၃၃ ရုံးတို့တွင် ဆောင်ရွက်ပေး နိုင်ခဲ့သည်။        တရားရုံး အသုံးပြုသူများ ဝန်ဆောင်မှုသင်တန်းကို ၂၁-၁၂-၂၀၁၉ ရက် နေ့နှင့် ၂၂-၁၂-၂၀၁၉ ရက်နေ့တွင်   ပဲခူးတိုင်း ဒေသကြီး  တရားလွှတ်တော်၌  တာဝန်ရှိသူ များက ပို့ချဆောင်ရွက်ခဲ့သည်။ ထို့ပြင် မီဒီယာ များ    တရားရုံး သတင်းရယူရာတွင်  လွယ်ကူ လျင်မြန်စေရန်အတွက်   တရားရုံးတိုင်းတွင် Court Information Officer- CIO  တစ်ဦးစီ ခန့်အပ်ထားရှိပြီး     Media Room များ သတ်သတ်မှတ်မှတ် ထားရှိဆောင်ရွက်ပေးနိုင် ခဲ့သည်။

ဥပဒေပြုရေးမဏ္ဍိုင်

ဥပဒေပြုရေးမဏ္ဍိုင်၏ ပြုပြင်ပြောင်းလဲ မှုအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း တရား ဥပဒေနှင့်အညီ      အများပြည်သူအတွက် အထောက်အကူပြုနိုင်စေရန်       ဥပဒေ အထောက်အကူပြုအဖွဲ့များကို တိုင်းဒေသ ကြီး/ ခရိုင် ၄ ခရိုင်နှင့် မြို့နယ် ၂၈ မြို့နယ် တို့တွင် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ စတင် ဆောင်ရွက် လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါအဖွဲ့များအတွက် ရုံးများ ဖွင့်လှစ်ဆောင်ရွက် နိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။  ယခု ပဲခူးတိုင်း ဒေသကြီး မြေယာခွန်ဥပဒေနှင့် တိုင်းဒေသကြီး အကျိုးတူ   ပူးပေါင်းလယ်ယာစိုက်ပျိုးရေး လုပ်ငန်းဥပဒေတို့ကို တိုင်းဒေသကြီးလွှတ်တော် တွင် ပြဋ္ဌာန်း နိုင်ခဲ့ပြီဖြစ် သည်။

တရားဥပဒေစိုးမိုးရေး

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူလူထု တစ်ရပ်လုံး   တရားဥပဒေစိုးမိုးရေး၊  တရား ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ချမ်းမြေ့သာယာပျော်ရွှင်စွာ နေထိုင်စားသောက် နိုင်ရေးအတွက်   မှုခင်းများ အမြန်ဖော်ထုတ် အရေးယူပြီး ပြစ်မှုကျူးလွန်သူများ ထိရောက် ဟန့်တားသည့် ပြစ်ဒဏ်များရရှိရေး အတွက် တရားစွဲတင်ပို့ခြင်းတို့ကို   ဆောင်ရွက်ခဲ့ရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း ၁-၁- ၂၀၁၉ ရက်နေ့မှ    ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ အမှုကြီး   အမျိုးအစား ၁၀ မျိုးမှ  အမှုပေါင်း ၃၀၆ မှုကို     စုံစမ်းဖော် ထုတ်စစ် ဆေးပြီး တရားစွဲ  တင်ပို့နိုင်ခဲ့သည်။   မူးယစ်ဆေးဝါး နှိမ်နင်းရေးအနေဖြင့် ၁-၁-၂၀၁၉ ရက်နေ့မှ ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ   ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြား၊  ဘိန်းဖြူ၊ ဘိန်းစိမ်း၊ အိုက်စ်နှင့် ကက်တမင်း စသည့် မူးယစ်ဆေးဝါး များနှင့်    ဆက်စပ်တရားခံပေါင်း  ၂၃၆ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ထို့ပြင်   မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောခြင်းကို အခြေခံပညာကျောင်းများ တွင် (၁၀၅)ကြိမ် ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပြီး လူမှောင်ခိုကာကွယ်တားဆီးရေးနှင့် လူကုန် ကူးမှု အသိပညာပေး ဟောပြောပွဲ လုပ်ငန်းများ ကို (၇၃)ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး

တိုင်းဒေသကြီးအတွင်းရှိ မြို့ပြကျေးလက် ဒေသ ဆက်သွယ်သွားလာမှု ပိုမိုကောင်းမွန် လာစေရန်   ရည်ရွယ်ပြီး   တိုင်းဒေသကြီး ရန်ပုံငွေမှ  ၅၀ ရာခိုင်နှုန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်    စိုက်ပျိုး၊ မွေးမြူရေး၊ ကုန်ထုတ်လမ်းများနှင့် တံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ မဟာ ဓာတ်အားလိုင်းပြင်ပ       ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသ   အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျေးလက်နေ ပြည်သူများ      အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက် နိုင်ရန်        အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းများ အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိ သည်၊၊ 

၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာနှစ်တွင်  ငွေကျပ် သန်းပေါင်း ၄၆၃၈ ဒသမ ၄၃၆၈ သန်းကျော် အသုံးပြုပြီး ကျေးလက် လမ်းအရှည် ၉၃/၇ ဒသမ ၉၉ မိုင်ကျော်နှင့် ကျေးလက်ကုန်ထုတ် တံတား ၁၃၃ စင်း ဆောင်ရွက်ပေး နိုင်ခဲ့သည်၊၊  ကျေးလက်မီးလင်းရေး   အိမ်သုံးဆိုလာစနစ် အနေဖြင့်    ၂၀၁၉ - ၂၀၂၀  ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၁၀ ဒသမ ၆၈၄၉ သန်း အသုံးပြုပြီး ကျေးရွာ ၁၅ ရွာရှိ အိမ်ထောင်စု ၅၂၇ စုအတွက် ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်နိုင်ခဲ့သည်၊၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်    ကျေးလက် ရေရရှိရေး လုပ်ငန်းများ အတွက် ရေတွင်းရေကန်စသည့်  လုပ်ငန်းပေါင်း ၃၃၂ ခုကို ငွေကျပ်သန်းပေါင်း ၃၃၅၁ ဒသမ ၆၂၇၀ အသုံးပြု ဆောင်ရွက်လျက် ရှိသည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ် မီးလင်းရေးကဏ္ဍများ  ဖြည့်ဆည်းဆောင်ရွက် ရာတွင်  အစိုးရအဖွဲ့ အနေဖြင့် Budget အနေ အထား၊      စီမံကိန်းအနေအထားအလိုက် ဆောင်ရွက်ပေးရာတွင်  ၂၀၁၉ - ၂၀၂ဝ ဘဏ္ဍာ နှစ်တွင်     ကွန်ကရစ်လမ်း  ၁၀၅/၇ ဒသမ ၁၇၇ မိုင်၊ ကတ္တရာလမ်း ၁၁/၆ ဒသမ ၈၆ မိုင်၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၇/၅ ဒသမ ၂၅ မိုင်၊ ကျောက်လမ်း ၁၃၆/၃ ဒသမ ၂၂၂ မိုင်၊ ဂျင်း/ဂဝံလမ်း ၁၄၈/၄ ဒသမ ၀၁ မိုင်၊ မြေသား လမ်း ၅၂/၇ ဒသမ ၂၄၈ မိုင် စုစုပေါင်း လမ်း မိုင်ပေါင်း ၄၆၃/၁ ဒသမ ၇၆၇ မိုင်နှင့် တံတား အစင်း ၁၆၀ ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးသည်   အထက် မြန်မာပြည်နှင့်       အောက်မြန်မာပြည်သို့  ဆက်သွယ်သည့် လမ်းမကြီး များ၊  မီးရထား လမ်းပိုင်းများနှင့်  ရေလမ်းကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ဆက်သွယ် သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် တိုင်းဒေသကြီးလည်း ဖြစ်သည်။

ထို့အတွက်  မီးရထားလမ်းပိုင်း ပြုပြင်မှု အနေဖြင့် JICA နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ညောင်လေးပင်မှ   စတင်ပြုပြင်နေသည်။  အာဆီယံလမ်းမအနေဖြင့် ဝေါ - ပဲခူး - ရန်ကုန် မြို့ လမ်းနှင့် စစ်တောင်းမြစ် ဖြတ်ကူးတံတား ကြီးများ ဆောက်လုပ်နေသည့်အတွက် ကရင်၊ ကယား၊ မွန်၊ ရန်ကုန်တို့နှင့် ဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

မီးလင်းရေးလုပ်ငန်းများတွင် တိုင်းဒေသ ကြီးအတွင်း ပြည်ထောင်စုဝန်ကြီးဌာနအနေ ဖြင့်  NEP (၂)မိုင်အတွင်း ကျေးရွာပေါင်း ၁၄၆၀၊ ဆိုလာစနစ် ၂၄၁ဝ ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်  NEP (၂)မိုင် အတွင်း ကျေးရွာ ၁၂ ရွာ၊ NEP (၅)မိုင်အတွင်းကျေးရွာ ၁ ရွာ၊ NEP (၅)မိုင်အထက် ကျေးရွာ ၆ ရွာ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်များတွင် စည်ပင်သာယာရေး အဖွဲ့များရှိပြီး   မြို့နှင့် ကျေးရွာများတွင် စည်ပင်သာယာရေးအဖွဲ့များ မရှိသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ         အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက် လျက်ရှိ သည်။    တိုင်းဒေသကြီး အတွင်း      တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး အရည် အသွေး ပြည့်မီရေးအတွက်   တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင် Bago Region Construction Board (BRCB(T)) အဖွဲ့ QC အဖွဲ့များဖြင့်   ကြီးကြပ်ဆောင်ရွက်လျက်ရှိ သည်။

ကျန်းမာရေးကဏ္ဍ

ပြည်သူ့ကျန်းမာရေး   ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြည်သူများ ကိုယ်တိုင်ကျခံသုံးစွဲရ သည့်  ကျန်းမာရေး ဆိုင်ရာ ငွေကြေးအခက် အခဲများ လျော့နည်းကျဆင်းစေရန် ဆောင်ရွက် ခြင်း၊ ပြည်သူ့ဆေးရုံ များတွင် နိုင်ငံတကာ အဆင့်မီ ရောဂါရှာဖွေရေးနှင့် အရည်အသွေး ပြည့်ဝသော ကုသရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။   ပဲခူးဆေးရုံကြီး    ပြုပြင် ပြောင်းလဲမှုများ   ဆောင်ရွက်ပေးနိုင်ခဲ့မှုများ အနေဖြင့် ခုတင် (၅၀၀)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်နိုင်ခဲ့သည့်အတွက် ဆေးကုသ ဌာန  ၁၇ ခုမှ    ၂၇ ခုအထိ ဖွင့်လှစ်နိုင်တော့ မည်ဖြစ်သည်။

ပဲခူး         ပြည်သူ့ဆေးရုံဝင်းအတွင်း အောင်သုခဓမ္မရိပ်သာ    ဆရာတော်ကြီး၏ လှူဒါန်းငွေဖြင့်   (၄)ထပ်   တိုးချဲ့  လူနာ ဆောင်တစ်ဆောင်ကို ဆောက်လုပ်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ဆက်လက် ၍လည်း ပဲခူးမြို့နယ် ကလိကျေးရွာအုပ်စုရှိ မြေဧရိယာ ၂၅ ဧကပေါ်တွင် (၆)ထပ်ဆေးရုံ အဆောက်အအုံကို    နိုင်ငံတော်၏   ခွင့်ပြု ရန်ပုံငွေကျပ်သန်း     ၂၄၀၀  ဖြင့်   စတင် ဆောက်လုပ်ခဲ့ရာ  ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။

ဆေးရုံလုပ်ငန်းများ   ဆောင်ရွက်ရာ၌ ထိရောက်ကောင်းမွန်သော      အကြံဉာဏ် ကောင်းများနှင့် အထောက် အကူများ ရရှိစေ နိုင်ရန်နှင့်  ပြောင်းလဲလာသော ခေတ်စနစ်နှင့် ညီညွတ်စေရန်   ဖွဲ့စည်းထားသော  ဆေးရုံ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက် ခြင်း၊     သွေးလှူရှင်များအသင်း၊ ပရဟိတ အသင်းအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများနှင့် အမျိုးသမီးရေးရာအဖွဲ့များ စသည့် လူမှုရေး အသင်းအဖွဲ့များနှင့်ချိတ်ဆက်ပြီး သွေးလှူဒါန်း ခြင်းလုပ်ငန်းများ၊ မျက်စိခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများ၊  ဆေးရုံတက်ရောက်ကုသနေ သော လူနာများ အာဟာရဒါန ကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်၊၊

၂၀၁၉ ခုနှစ်အတွင်း   ကြို့ပင်ကောက်၊ ညောင်လေးပင်နှင့် ပေါင်းတည်မြို့တို့တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံများ ဖွင့်လှစ်နိုင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၄) နှစ်တာ ကာလအတွင်း   ခုတင်(၅၀)ဆံ့  ဆေးရုံ ၁ ရုံ၊ (၁၆)ခုတင်ဆံ့   တိုင်းရင်းဆေးရုံ ၅ ရုံနှင့် တိုင်းရင်းဆေးဌာန ၁ ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။

“တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အကောင်အထည် ဖော် ဆောင်ရွက်နိုင် ဖို့အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေမှာ   ကျန်းမာရေးကြီးကြပ်မှု ကော်မတီတွေ ဖွဲ့စည်းပြီး အကောင် အထည် ဖော်    ဆောင်ရွက်လျက်ရှိပါတယ်”    ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးဝင်းသိန်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ

ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးခရိုင်တွင် ဟိုတယ်တစ်လုံး၊ ပြည်ခရိုင်တွင် ဟိုတယ်လေးလုံး၊  တောင်ငူခရိုင်တွင် တစ်လုံး၊ စုစုပေါင်း ခြောက်လုံး   တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၁၈ - ၂၀၁၉  ဘဏ္ဍာနှစ်အတွင်း  ဒေသ ဆိုင်ရာ     ဧည့်လမ်းညွှန် အခြေခံသင်တန်း အမှတ်စဉ် (၄၅)ကို သင်တန်းသား သင်တန်းသူ ၈၄ ဦးဖြင့်   ဖွင့်လှစ်ပေးနိုင်ခဲ့သည်။  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင်  ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးဒေသ တွင် ဟိုတယ် ၂ လုံး၊ ပြည်ဒေသတွင် ဟိုတယ် ၇ လုံး စုစုပေါင်း ၉ လုံး တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့၍ စုစုပေါင်း ဟိုတယ် ၈၂ လုံး၊ အခန်းပေါင်း ၂၀၉၇ ခန်းအထိ  တိုးတက်လာပြီး ပြည်တွင်းပြည်ပ တည်းခိုမှုနှင့် ဝင်ငွေရရှိမှာ  ငွေကျပ် ၂၃၅၂၈ ဒသမ ၀၄ သန်းအထိ တိုးတက်ရရှိခဲ့သည်။

ထို့ပြင်        ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင်ယဉ်ကျေးမှု     အမွေအနှစ်အဖြစ် ထင်ရှားသည့်  ဟံသာဝတီမြို့ ဟောင်း ကျုံးမြို့ ရိုးတူးဖော်သည့် လုပ်ငန်းများကို  အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အပြင်  ရွှေကျင်မြို့နယ်တွင်ရှိသည့် ကျိုက်ထီးရိုးလေး စေတီကို ဘုရားဖူးခရီးသွားပြည်သူများ ဖူးမြော် နိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ခရီးသွားလုပ်ငန်း    ဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးစဉ်သစ်များ      အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ    ရေတာရှည်မြို့နယ် နန်ချွန်ကျေးရွာအနီး အမှတ်(၁)မြန်မာ့ သစ် လုပ်ငန်း     လေ့ကျင့်ရေးသင်တန်းကျောင်း အတွင်းရှိ ဒုတိယ ကမ္ဘာစစ်အတွင်း အသုံးပြုခဲ့ သော  စစ်သုံးလေ ယာဉ်ကွင်းငယ်နှင့် မြေကတုတ် များ တူးဖော်ဆောင်ရွက်၍ ခရီးစဉ်တစ်ခုအဖြစ် တိုးချဲ့ပြသ နိုင်ရေး   ဆောင်ရွက်လျက်ရှိပြီး ပြည်ခရိုင်အတွင်းရှိ သရေခေတ္တရာ ပျူမြို့ဟောင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ်များ၊ အိုး လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပန်းပုလုပ်ငန်း စသည့် လက်မှုလုပ်ငန်းများ လေ့လာရန်နေရာ များအပြင် ရေလမ်းခရီးဖြင့် သွားလာရာတွင် ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းရှိ ပြည်မြို့နှင့် အနောက်ဘက်ခြမ်းရှိ   ပန်းတောင်းမြို့နယ် (ရွှေဘုံသာမုနိ)ကမ်းနှစ်ဖက်နေရာနှင့် မိုးယွန်း ကြီးအင်းအတွင်းရှိ ဇီဝမျိုးကွဲ သားငှက်တိရစ္ဆာန် နှင့် ဘေးမဲ့တောအတွင်း လေ့လာနိုင်ရန် အနီး ဝန်းကျင်ကျေးရွာများတွင်    လူထုအခြေပြု ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သယံဇာတ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ

သစ်တောကဏ္ဍအနေဖြင့်    အာရှဒေသ အဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာရေး သင်တန်းကျောင်း (AfoCo RETC)တွင် ဒေသခံပြည်သူဖွံ့ဖြိုးမှု အစီအစဉ် အရ ဒေသခံပြည်သူများအတွက် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု    ဝါးလက်မှု ပစ္စည်းများ ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ် ပေးခဲ့သည်။

ထို့ပြင်  ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံ မြို့နယ် မင်းတိုင်ပင်နှင့် ညောင်ရွှေမြို့နယ်တို့ တွင်  အောင်မြင်စွာ  ဆောင်ရွက်လျက်ရှိသည့် ဒေသခံအစုအဖွဲ့ပိုင်    သစ်တောလုပ်ငန်းနှင့် လူထုအခြေပြု        ခရီးသွားလုပ်ငန်း များသို့ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ဒေသခံ ပြည်သူ ၁၀ ဦးကို  သွားရောက်လေ့လာခွင့်ပြု ခဲ့သည်။    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျတ်ဖြင့်  ပဲခူးမြို့နယ်အတွင်း ပရတိုင်းရင်း ဆေးပင်များ ဥယျာဉ်ခြံကို ဖွင့်လှစ်နိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း   သစ်တော ဦးစီးဌာန၊        ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် Helvetas ၊ NAG နှင့်  IUCN တို့     ပူးပေါင်း၍ မုတ္တမပင်လယ်ကွေ့စီမံခန့်ခွဲမှုစီမံကိန်း (Gulf of Mottama Management Plan Project) (2015-2024) ကို   သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကမ်းပါးပြိုမှု ကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း၊ သဘာဝအရင်း အမြစ် စီမံခန့်ခွဲမှုအသိ ပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ သောက်ရေကန်များ တူးဖော် ခြင်းနှင့် သောက်ရေကန်များ အဆင့်မြှင့်တင် ခြင်း၊  ကျေးရွာအဆင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုနှင့်   ဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းအစီအစဉ်များ    ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ငါးလုပ်ငန်း နှင့်ပတ်သက်သော အသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။

ပြည်ခရိုင်   နတ်မောက်ဆင်စခန်းတွင် ဆင်နှင့် ပတ်သက်သော ဗဟုသုတရစေရန် အတွက် ၂၀၁၉ ခုနှစ်   မတ်လ ၅ ရက်တွင် ဆင်ပြတိုက် တစ်ခုကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၏   (၄) နှစ်တာကာလ အတွင်း တိုးတက်မှုများအနေဖြင့် ၂၀၁၈ - ၂၀၁၉ အောက်တိုဘာလမှ စက်တင်ဘာလ အထိ ဆင်စခန်း ၈ ခုမှ    ဝင်ငွေကျပ် ၁၆၁၆ ဒသမ ၃၄ သန်း ရရှိခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ

၂၀၁၈ - ၂၀၁၉ ခုနှစ်  နွေစပါးစိုက်ပျိုး လျာထားဧက ၂၃၁၉၈၄ ရှိသည့်အနက်  အမှန် စိုက်ပျိုးပြီးစီးမှု ၂၆၉၂၅ ဧကရှိခဲ့ပြီး  မိုးစပါး စိုက်ပျိုးလျာထားဧက ၃၃၇၉၇၃ ဧက ရှိသည့် အနက်  စိုက်ပျိုးဧက ၃၃၆၇၈၁ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။ ဂျပန်နိုင်ငံ JICA အကူအညီ ဖြင့်        တောင်ညိုဆည်ရေသောက်စနစ် အဆင့်မြင့် တင်ခြင်း လုပ်ငန်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ  ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဆည် ရေသောက်စနစ် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်း များကို ရေအသုံးပြုသူ တောင်သူများအဖွဲ့ WUG အဖွဲ့များ   WUA စနစ်တကျ  ဖွဲ့စည်း ဆောင်ရွက်ခဲ့သဖြင့် ၎င်းအဖွဲ့များ၏ ညှိနှိုင်း ဦးဆောင်မှုဖြင့် သီးနှံပုံစံချမှတ်ခြင်း၊ ရေစနစ် တကျသုံးစွဲခြင်း၊ ရေအခွန်များပေးဆောင်ခြင်း၊ တူးမြောင်းများ ပြုပြင်ခြင်း၊ သီးထပ်သီးညှပ် များ   အောင်မြင်စွာ   စိုက်ပျိုးနိုင်ခဲ့ခြင်းတို့ ကြောင့် ဒေသတွင်း တောင်သူလယ် သမားများ လူမှုဘဝတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် ညောင်လေးပင် မြို့နယ်   ရှမ်းရွာစုအနီး   ဝေါပတောချောင်း ရေလွှဲပြွန်တပ်ဆင်ခြင်း၊    စရစ်ဆန်ရေနုတ် မြောင်း ပေပေါင်း  ၆၀၀  တွင်  Cheak Star Chure  တည်ဆောက်ခြင်းနှင့် ပြည်မြို့နယ် မတောက်တလယ်ယာ   မြောင်းမကြီးတွင် တံတားတစ်စင်း တည်ဆောက်ခဲ့သည်။ ပဲခူးမြို့ နယ်အတွင်းရှိ  ဆည်များ အတွင်းမှ   နွေစပါး စိုက်ပျိုးရေးအတွက် ရေပေးဝေမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊       ရေတာ ရှည်မြို့ နယ် ဆွာချောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရန် အတွက် ကဝမြို့နယ်ရှိ တာထမ်းဘိုးများ တူးဖော်ခြင်း၊ ကန်အောင်ချောင်း      ပိတ်တမံပြုလုပ်ခြင်း၊ အောင်မေတ္တာ ရေငန်တာတမံ     လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အော်ဂဲနစ်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ အော်ဂဲနစ်စိုက်ဧက ၁၁၉ ဧကနှင့် အော်ဂဲနစ်စက်ကိရိယာ အရောင်းဆိုင် ၂၁ ဆိုင် ဖွင့်လှစ်နိုင်ခဲ့ပြီး စိုက်ပျိုးရေး သင်တန်းကျောင်း ၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ခေတ်အဆက်ဆက် ရှိခဲ့သည့်  မြေယာပြဿနာများကို  ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတော် မူဝါဒ အရ ၁၉၈၈ ခုနှစ်နောက်ပိုင်း  မြေသိမ်းဆည်းမှု ပြဿနာများ  ဦးစားပေးရှင်းလင်းပေးလျက် ရှိပြီး မြေ/စစ်မူဝါဒ (၅၂) ချက်နှင့်အညီ ဆောင် ရွက်ပေးလျက်ရှိသည်။

လက်ရှိအချိန်ထိ ဗဟိုမြေ/စစ်မှ ပေးပို့ သည့် အမှုတွဲ  ၈၅၈  တွဲအနက် (၄၁၉+ ၈၈) ၅၀၇ တွဲ  ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိ သည့်အမှုတွဲ ၃၅၁ တွဲ အပြီးပြတ်ဖြေရှင်းပေး ရန်   တစ်ပတ်တစ်ကြိမ်   အစည်းအဝေးများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင်  တိုင်းမြေ/စစ်နှင့် အခြားအဖွဲ့ထံ တိုင်ကြားသည့် အမှုတွဲ ၈၂၂ တွဲကို စိစစ်ဆောင်ရွက်လျက်ရှိသည်။ ပဲခူးတိုင်း ဒေသကြီးအတွင်း မြေယာအယူခံဝင်ရောက် သည့် အငြင်းပွားမှုပေါင်း ၁၉၂ မှု လက်ခံထား ရှိခဲ့ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက်ပြီးစီးသည့် အမှုတွဲပေါင်း ၁၂၅ တွဲ ဖြေရှင်းဆောင်ရွက်ပြီး ဖြစ်သဖြင့်  ဖြေရှင်းရန်ကျန်  အမှုတွဲပေါင်း ၆၇ တွဲသာ ကျန်ရှိကြောင်းနှင့် ကျန်ရှိသည့် အမှု အပေါ် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လစဉ်(၁)လ တစ်ကြိမ် အစည်း အဝေးခေါ်ယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များ စီမံချက် ချမှတ်ထုတ်ပေးထားရှိခဲ့ရာတွင် ပုံစံ(၇)များ ပြင်ဆင်ခြင်းများ၊ ဖျက်ထားခြင်း များ၊ မှားယွင်း ထုတ်ပေးထားရှိကြောင်း တိုင်ကြားစာများနှင့် ပတ်သက်၍  တိုင်းဒေသကြီး အတွင်း  ခရိုင် အလိုက်ပုံစံ(၇) စစ်ဆေးရေးအဖွဲ့များ  ဖွဲ့စည်း ၍    ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းဒေသကြီး အတွင်း   လယ်ယာမြေနှင့် ပတ်သက်၍ အခြားကြုံတွေ့ရသည့် ပြဿနာ များမှ   သမဝါယမဦးစီးဌာန   မြေလွှဲပြောင်း အသုံးချမှုပြဿနာ၊ သစ်တောကျူးပြဿနာ၊ တခြားအာဏာပိုင်အဖွဲ့အစည်းများနှင့် ဌာန ဆိုင်ရာများမှ သိမ်းဆည်းမှုပြဿနာ၊ ၄/၇၈ အရ သိမ်းဆည်းခံရမှု ရှင်းလင်းရမှု အများဆုံး ဖြစ်ပြီး အောက်ခြေတွင်ရှိသည့် ဝန်ထမ်းများ၏ အားနည်းချက်များကြောင့် ဖြေရှင်းပေးရသည့် ပြဿနာများ ရှိကြောင်း သိရသည်။

စည်ပင်သာယာရေးကဏ္ဍ

၂၀၁၈-၂၀၁၉        ဘဏ္ဍာနှစ်အတွင်း မြို့ပြတံတားကွန်ကရစ် ၁၀၆ စင်းကို ငွေကျပ် သန်းပေါင်း ၅၂၅ ဒသမ ၀၅၉၈ သန်းနှင့် မြို့ပြ ရေပေးရေးလုပ်ငန်းအနေဖြင့်   စက်ရေတွင်း ၄ ခု၊   အခြား ၂၃ ခု   စုစုပေါင်း ၂၇ ခုအတွက် ငွေကျပ်သန်းပေါင်း ၉၈ ဒသမ ၅၈၅၀၀ ဆောင် ရွက်ပေးနိုင်ခဲ့သည်။ မြို့ပြလမ်းများအနေဖြင့် ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ်တွင်      နိုင်လွန် ကတ္တရာ  (၀/ ၃ ဒသမ ၀၂) မိုင်၊ ကွန်ကရစ် (၁၄/၇ ဒသမ ၈) မိုင်၊   ကတ္တရာ (၆၁/၁ ဒသမ ၅၉)မိုင်၊  ကျောက် (၆/၅ ဒသမ ၇၈)မိုင်၊ ဂဝံ (၃၅/၄ ဒသမ ၅၂)မိုင်၊ မြေ(၁/၃ ဒသမ ၈၇) မိုင် စုစုပေါင်း   (၁၂၀/၂ ဒသမ ၅၅)မိုင်   ငွေကျပ် သန်းပေါင်း ၇၉၈၂ ဒသမ ၈၉၀၁၃၅ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ရှေ့လုပ်ငန်းစဉ်များအနေဖြင့်    ပဲခူးမြို့ ကလိတပ်ကလေးကျေးရွာရှိ ရန်ကုန်- မန္တလေး ကားလမ်းဟောင်းနှင့် မြို့ရှောင်လမ်းဆုံရာ နေရာတွင် ကလိလက်ကားဈေး (Whole Sale Centre) တည်ဆောက်ရေး စီမံကိန်းကြီး ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ

တိုင်းဒေသကြီး            အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသ ကြီးအတွင်း အလုပ်ရုံ ၁၁၃၀ နှင့် အ လုပ်သမား ၂၁၇၃၄၆ ဦးအတွက် ငွေကြေးအကျိုးခံစားခွင့်  ငွေကျပ် ၂၈၈၉ ဒသမ ၇၈ သန်း၊  ၂၀၁၉ ခုနှစ် တွင် အလုပ်ရုံ ၂၀၈ ရုံရှိ အလုပ်သမား ၃၆၈၅၂ ဦးအတွက် ငွေကြေး အကျိုးခံစားခွင့် ငွေကျပ် ၈၆၃ ဒသမ ၂၅ သန်း ရရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာရန် သက်မွေးပညာကျောင်းများကို   ဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  အသက်မွေးဝမ်းကျောင်း ပညာကာလတိုသင်တန်း          ၃၆  ကြိမ်၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များ (ဓာတု/ဇီဝ) ဓာတ်ခွဲစမ်းသပ်မှု သင်တန်း ၃၈ ကြိမ်နှင့်        မှတ်ပုံတင်လုပ်ငန်း   ၁၆၅ ခု ဆောင်ရွက်ပေးနိုင်ခဲ့သည်။   ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အသက်မွေး ဝမ်း ကျောင်းပညာ ကာလတိုသင်တန်း (၄၄)ကြိမ် ဖွင့်လှစ်ခဲ့ပြီး   စားသောက်ကုန်  လူသုံးကုန်၊ အလှကုန်များ (ဓာတု/ဇီဝ) ဓာတ်ခွဲမှုစမ်းသပ်မှု ၄၆ ကြိမ်နှင့်    မှတ်ပုံတင်လုပ်ငန်း ၆၈ ခု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂၀၁၈-၂၀၁၉    ဘဏ္ဍာရေးနှစ်အတွင်း ရက်ကန်းနှင့်   အသက်မွေးပညာသင်တန်း ကျောင်း ရွှေတောင်မြို့တွင် ပေ (၄၀ x ၃၀ x ၃၀)  RC (၂)ထပ်သင်တန်းခန်းမ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး     ကာလတို သင်တန်းနှင့် လက်ရက်ကန်း(၆)လ သင်တန်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

“ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုဇုန် အကြီးကြီးတွေ မရှိသေးတဲ့ချိန်မှာ ပဲခူးမြို့စက်မှု နယ်မြေ၊ ပြည်စက်မှုနယ်မြေ စတဲ့ နေရာတွေ အပြင်  SME   လုပ်ငန်းတွေ   တွန်းအားပေး ဆောင်ရွက်နေသလို Skill Labour တွေ Electric အခြေခံကျွမ်းကျင်မှု    သင်တန်းတွေ ပေးပြီး လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွက်လာ အောင်   မွေးထုတ်ပေးလျက်ရှိပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြော သည်။

လျှပ်စစ်ကဏ္ဍ

ပဲခူးတိုင်းဒေသကြီးအတွင်း   လျှပ်စစ် ကဏ္ဍအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန် ပုံငွေဖြင့်   ဇောင်းတူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ   ဓာတ်အား ရရှိရေးအတွက် ၃၃ ကေဗွီ ပဲခူး-အဆိပ်တောင် ဓာတ်အားလိုင်း ၂၂ ဒသမ ၆၃ မိုင်အနက် ပထမ အဆင့် ၁ဝ ဒသမ ၀၃ မိုင် တည်ဆောက်ခြင်း၊ ၃၃/၁၁ ကေဗွီ  ၅ အမ်ဗွီအေ အဆိပ်တောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ အေးသုခမြို့ ၃၃/၁၁ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံတွင် 33 KV Switch Bay (1)Set နှင့် 12 KV Switch Gear Panel များတပ်ဆင်ခြင်း၊ ကျောက်ကြီး- နတ်သံကွင်း ၃၃ ကေဗွီ စစ်တောင်းမြစ်ကျော် ဓာတ်အားလိုင်း    ရေတိုက်စားနေမှုကြောင့် Suspension Type Concrete (18) Meter 4-Pole တစ်ခု၊ (12) Meter 4-Pole Tension Type Concrete တစ်ခု ကမ်းပါးမှ နောက်ဆုတ် တည်ဆောက်ခြင်းနှင့် အတူတကွ တစ်ဖက် ကမ်းတွင် (18) Meter Suspension Type Concrete 2-Pole တစ်ခု ရှေ့တိုးတည်ဆောက် ခြင်း၊  မုန်းမြို့ ၃၃/၁၁ ကေဗွီ  ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ Control Building (45' x  30')   အဆောက်အအုံ  Compound Forcing (904')နှင့် Concrete  Road (155') တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင်   ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် ဇောင်းတူမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ များ ဓာတ်အားရရှိရေး အတွက် ၃၃ ကေဗွီ ပဲခူး- အဆိပ်တောင် ဓာတ်အားလိုင်း ဒုတိယအဆင့် (၁၂)မိုင်    တည်ဆောက်ခြင်း၊ သနပ်ပင်-ကဝ ၃၃ ကေဗွီလိုင်း   ၁၄ ဒသမ ၅ မိုင်၊ ကဝတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံတည်ဆောက် ခြင်း၊ မုန်းတွင် ၃၃/၁၁ကေဗွီ  ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဇရပ်ကြီး-မုန်း ၃၃ ကေဗွီလိုင်း ၁၂ မိုင်တည်ဆောက်ရန် Survey တိုင်းတာခြင်း၊ ဖြူးမြို့ရှိ    ၃၃/၁၁   ကေဗွီ  ၂၀   အမ်ဗွီအေ ဓာတ်အားခွဲရုံ ရေလွတ်ရာသို့ ပြောင်းရွှေ့တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်    ၁၁ ကေဗွီ   ဓာတ်အားလိုင်း ၄၄ ဒသမ ၆၄၄ မိုင်၊  ၄၀၀ ဗို့ဓာတ်အားလိုင်း ၅၂ ဒသမ ၆၁ မိုင်နှင့် ၁၁ ဒသမ ၀၄ ကေဗွီ ထရန်စဖော်မာ (၆၄)လုံး တည်ဆောက်ခြင်းနှင့် ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ်တွင်   ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇၂ ဒသမ ၉၉ မိုင်၊  ၄၀၀ ဗို့ ဓာတ်အားလိုင်း ၄၂ ဒသမ ၀၃၂ မိုင်နှင့် ၁၁ ဒသမ ၀၄ ကေဗွီ  ထရန်စဖော်မာအလုံး ၉၀ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း NEP စီမံကိန်းပါ ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရေး နှင့် (၅)မိုင်အတွင်း မပါဝင်သော ကျေးရွာများ မီးလင်းရေး     တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်   ဆောင်ရွက်ပြီး  ဝေးလံခေါင်းပါး ဒေသများအတွက်  ဆိုလာစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  မီးလင်း ရေးလုပ်ငန်းများတွင်    ပဲခူးတိုင်းဒေသကြီး အတွင်း ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့်  NEP (၂)မိုင်အတွင်း ကျေးရွာ ၁၄၆၀ ၊ ဆိုလာ ၂၄၁ဝ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် NEP (၂)မိုင်အတွင်း ကျေးရွာ ၁၂ ရွာ၊ NEP(၅)မိုင်အတွင်း ၁ ရွာ၊ NEP (၅)မိုင်အထက် (၆)ရွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် ပဲခူးမြို့နယ် ကလိကျေးရွာတစ်လျှောက်နှင့် အင်းတကော် မြို့တစ်လျှောက်တွင်      လျှပ်စစ်မီးတိုင်များ မီးလင်းနိုင်ရေး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ သည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ရေးလုပ်ငန်း များအတွက် လုပ်ငန်းပေါင်း ၉၉၁ ခုအတွက် ငွေကျပ် ၁၅၂ ဒသမ ၄၇၆ ဘီလီယံ၊ တိုင်းဒေသ ကြီးဘဏ္ဍာရန်ပုံငွေဖြင့်      ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လုပ်ငန်းပေါင်း ၄၆၁ ခု အတွက်  ငွေကျပ် ၈၅ ဒသမ ၀၁၁ ဘီလီယံ စသည်ဖြင့်  ဆောင်ရွက်ရန်  လျာထားခဲ့ပြီး လက်ရှိအချိန်အထိ   တိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ သည် ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ စုစုပေါင်း ၁၀၀ ရှိကာ စက်မှု ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် ၈၁ ခုရှိပြီး အများဆုံးဖြစ်သည်။ စက်မှုလက်မှု လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နိုင် ရေးအတွက်  ပဲခူးမြို့နယ်  ကလိတပ်ကလေးနှင့် ပြည်မြို့နယ်တို့တွင်       အိမ်ရာစီမံကိန်းများ ဖော်ထုတ်ခြင်း၊ Town Plan ရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ပမာဏအနေဖြင့် ကဏ္ဍ ၁၂ ခုတွင် အရေ အတွက် ၁၁၃ ခုမှ အမေရိကန်ဒေါ်လာ ၁၉၇၁ ဒသမ ၉၅၅ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုအရေအတွက် ၃၉ ခုမှ တန်ဖိုးငွေကျပ် ၉၅၃  ဘီလီယံကျော်  ရင်းနှီးမြှုပ်နှံမှုရှိသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင်   စက်မှုကဏ္ဍ၌ လုပ်ငန်း ၉၃ ခုမှ   အမေရိကန်ဒေါ်လာ သန်း ၁၅၈၄ ဒသမ ၆၆၆ သန်းနှင့် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၌   စက်မှုဇုန် တည်ဆောက်ရေးကဏ္ဍတွင်  လုပ်ငန်း (၄)ခုမှ ငွေကျပ်ဘီလီယံ ၃၈၆၂၂၇ ဒသမ ၇၆၀ ကျော် အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိသည်။

“ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ စက်မှု လက်မှုလုပ်ငန်း၊  စိုက်ပျိုးရေး၊  မွေးမြူရေး လုပ်ငန်းတွေမှာ အများဆုံးဖြစ်ပါတယ်။ ပဲခူး တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန်အကြီးကြီး တွေ  မရှိသေးချိန်မှာ  ပဲခူးမြို့စက်မှု နယ်မြေ၊ ပြည်စက်မှုနယ်မြေစတဲ့နေရာတွေအပြင် SME လုပ်ငန်းတွေ   တွန်းအားပေး ဆောင်ရွက်နေ သလို Skill Labour တွေနဲ့ Electric အခြေခံ ကျွမ်းကျင်မှု သင်တန်းတွေပေးပြီး လူ့စွမ်းအား အရင်းအမြစ်တွေ မွေးထုတ်ပေးလျက်ရှိပါ တယ်”ဟု   တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ပြောသည်။

သဘာဝဘေးကာကွယ်ရေး

တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု နှင့်     သဘာဝဘေးကာကွယ်ရန်အတွက် မိုးရာသီတွင်     မြစ်ရေမြင့် တက်မှုကြောင့် တာများကျိုးပေါက်ခြင်းနှင့်    တာများတွင် အုတ်သံရိုက်၍ အုတ်မြစ်များချခြင်း၊ ရေမြုပ် ရေလွှဲတန်းပြုလုပ်ခြင်း၊ မိုးတာတည်ဆောက် ခြင်း၊ တာကျိုးပေါက်ကာ ယာယီပိတ်ဆို့ခြင်း လုပ်ငန်း များကို    ပြည်ထောင်စုရန်ပုံငွေဖြင့် ပဲခူးခရိုင်တွင်(၁)ခု၊ တောင်ငူခရိုင်တွင် (၁)ခု စုစုပေါင်း(၂)ခု ဆောင်ရွက် ခဲ့ပြီး တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ပဲခူးခရိုင်တွင် (၇)ခု၊ တောင်ငူခရိုင် တွင် (၁)ခု၊ သာယာဝတီ ခရိုင်တွင်(၂)ခု၊ ပြည် ခရိုင်တွင်(၁)ခု စုစုပေါင်း (၁၁)ခု ဆောက်လုပ် ပေးခဲ့ပြီး    ငွေကျပ်သန်း ၃၃၄ ဒသမ ၅၃၈ သန်းဖြင့်  သဘာဝဘေးအန္တရာယ်ဆောင်ရွက် ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

သဘာဝဘေးအန္တရာယ်  ကာကွယ်ရေး အတွက်   ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ်တွင်  ရေတာရှည်မြို့နယ် အင်ဒိုင်း-နှောပင်ကျေးရွာ စစ်တောင်းမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း နှင့်  ထန်းတပင်မြို့နယ်အတွင်းရှိ ချောင်းဝ- ပဲပုတ်ကျေးရွာ       စစ်တောင်းမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းကို     တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၀၂၉ ဒသမ ၁၅ သန်းဖြင့် ဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်    မီးဘေး ၄၉ ကြိမ်၊  ရေဘေး ၅၉ ကြိမ်၊ လေဘေး ၂၇၃ ကြိမ်၊ မိုးကြိုးဘေး ၂၅ ကြိမ်၊ ကမ်းပြိုဘေး ၆၈ ကြိမ်နှင့် အခြားဘေး ၃ ကြိမ် စုစုပေါင်း ၄၇၇ ကြိမ်ဖြစ်ပွားခဲ့မှုတွင် အိမ်ခြေ/အိမ်ထောင်စု ၂၈၉၁၃ စုမှ လူဦးရေ ပေါင်း ၇၆၀၉၉ ဦးအတွက် အိမ်ဆောက် ပစ္စည်း ဖိုး   ထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ်   ၉၉၁ ဒသမ ၁၆၅၆၆၄ သန်းနှင့် အထောက်အကူပြု ပစ္စည်းများနှင့်      အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လမ်းခင်းခြင်းနှင့် ခြံစည်းရိုးကာရံခြင်း       လုပ်ငန်းများအတွက်    ငွေကျပ် ၁၄၁၄ ဒသမ ၇၂၇၆၆၄ သန်း စုစုပေါင်း ငွေကျပ်   ၇၈၂၀   ဒသမ  ၈၄၅၃၂၈ သန်း    ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သဘာဝဘေး       ဖြစ်ပွားခဲ့မှုများတွင် ရေဘေး/လေဘေးအတွက်    ၄၂၅   ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ပြီး သဘာဝဘေး ကာကွယ် တားဆီးရေးအတွက်    မြစ်ချောင်းကမ်းပါး ထိန်းသိမ်းခြင်းလုပ်ငန်း  (၅)ခုအတွက် ငွေကျပ် ၁၁၄၉ ဒသမ ၆၇၄ သန်း သုံးစွဲဆောင်ရွက်ခဲ့ သည်။   ဆွာရေလှောင်တမံပြိုပျက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့်      ကျွန်းတောစု ကျေးရွာကို   ပြောင်းရွေ့ပြီး   ကျွန်းတောစု ရွာသစ်တွင် အိမ်ခြေ ၁၇၅ လုံးနှင့် ဆွာမင်း လမ်းကျေးရွာတွင် အိမ်ခြေ ၁၉ လုံး ဆောက် လုပ်ပေးနိုင်ခဲ့သည်။

စီမံကိန်းရေးဆွဲ

ပဲခူးတိုင်းဒေသကြီး၏   ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)ကို   နှစ်အလိုက်ဈေးနှုန်းအရ ငွေကျပ်  ၈၅၇၂  ဒသမ    ၃၁၆      ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ခုနှစ် ပုံမှန်ဈေးနှုန်းအရ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်       ရည်မှန်းခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၈၃၁၃ ဒသမ ၁၂၅ ဘီလီယံဖြင့် အကောင်အထည်ဖော် နိုင်ခဲ့ပြီး ရည်မှန်းချက်အပေါ် ၉၇ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကာ    ၆ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပဒေတွင် ဒေသန္တရစီမံကိန်း ရည်မှန်းချက် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ကို နှစ်အလိုက် ဈေးနှုန်းအရ ငွေကျပ် ၉၄၇၅ ဒသမ ၂၀၁ ဘီလီယံနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပုံမှန်ဈေးနှုန်းအရ   ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်    လျာထားဆောင်ရွက်လျက်ရှိ သည်။

ပဲခူးတိုင်းဒေသကြီး၏    ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်   ဒေသန္တရစီမံကိန်း  ရည်မှန်းချက် တွင် လယ်ယာကဏ္ဍကြီး (လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ)တွင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး(စွမ်းအင်၊         သတ္တုနှင့် တွင်းထွက် ပစ္စည်း၊  စက်မှုလက်မှု၊  လျှပ်စစ် ဓာတ်အား၊ ဆောက်လုပ်မှုကဏ္ဍ)တွင်  ၈ ဒသမ ၅  ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီး (ပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေး နှင့် စီမံခန့်ခွဲရေး၊ အခြားဝန်ဆောင်မှု၊ ကုန်သွယ် မှုကဏ္ဍ)တွင် ၈ ရာခိုင်နှုန်း    တိုးတက်ရန် ရည်မှန်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလပတ် ကုန်အထိ ငွေကျပ်ဘီလီယံ ၃၃၉ဝ ဒသမ ၄၀၉ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ရည်မှန်းချက် အပေါ်တွင် ၃၅ ဒသမ ၈ ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့ပြီးဖြစ်၍ ယခင်နှစ် အလားတူ ကာလထက် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက် ခဲ့သည်။ နှစ်လယ်တွင်ဖြစ်ပေါ်မည့်  လူဦးရေ ခန့်မှန်းချက်အပေါ်မူတည်၍   လူတစ်ဦးချင်းစီ ၏  ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ကို ၂၀၁၉-၂၀၂၀    ဘဏ္ဍာနှစ်တွင်   ငွေကျပ်  ၁၉၁၆၅၀၅  ကျပ် ရရှိရန် မျှော်မှန်း ထားသည်။

လူမှုရေးလုပ်ငန်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်   ဌာနပိုင်မူကြိုကျောင်း  ၉ ကျောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၁ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်        ၈၄ ကျောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၉၄ ကျောင်း၊  Save The Children နှင့် MoU လက်မှတ် ရေး ထိုးထားသော ECCD Center ၁၀ ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး မူကြို ကျောင်း ၈၄ ကျောင်း   ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကကျောင်း ၅၅ ကျောင်း တည်ဆောက်ခွင့်ပြုမိန့် ထုတ်ပေး ပြီးဖြစ်သည်။ မိခင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှု အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၄၆ ဝိုင်းနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၅၈ ဝိုင်း ဖွင့်လှစ်ပေးနိုင် ခဲ့သည်။ (၄) နှစ်တာကာလအတွင်း ကလေး သူငယ်မှုခင်းနှင့်ပတ်သက်၍     ကြီးကြပ်သူ အစီရင်ခံစာတင်သွင်းခြင်း ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာ   ဥပဒေအသိ ပညာပေး   ဟောပြောပွဲ ကျင်းပခြင်းတို့ကို ပြုလုပ်ခဲ့သည်။

လူမှုရေးပင်စင်ထောက်ပံ့ပေးမှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  အသက် (၈၅)နှစ်နှင့်အထက် လူဦးရေ  ၂၃၄၂၅ ဦး ထောက်ပံ့ ပေးနိုင်ခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း စာအောင်သံဃာတော်များ၊     သီလရှင် များ ဂုဏ်ပြုပူဇော်ပွဲ (၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့သည်။

ရှေ့လုပ်ငန်းစဉ်များချမှတ်

ပဲခူးမြို့    ကလိတပ်ကလေးကျေးရွာရှိ ရန်ကုန်-မန္တလေး    ကားလမ်းဟောင်းနှင့် မြို့ရှောင်လမ်းဆုံနေရာတွင် ကလိလက် ကား ဈေး(Whole Sale Centre) တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ တောင်ငူမြို့ မီးဘေးသင့် မြို့မ ဈေးကြီးကို   အဆင့်မြင့်   Commercial Complex       အဆောက်အအုံကြီးအဖြစ် အကောင်အထည်ဖော်        ဆောင်ရွက်နိုင်ရေး    ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တိုင်းဒေသကြီးအတွင်း တန်ဖိုး နည်း၊ တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရန် အစီအစဉ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို PPP စနစ် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။  တိုင်းဒေသ ကြီးအတွင်းရှိ   မြို့(၇)မြို့တို့တွင် ဝန်ထမ်း အိမ်ရာ အခန်းပေါင်း ၁၂၀၄ ခန်းအထိ တိုးချဲ့ ဖြည့်ဆည်းပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာ ဆောက် လုပ်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးသည်   ပဲခူးအရှေ့၊ အနောက် ကွဲနေသည့်အတွက် ရိုးမဖြတ်ကျော် လမ်းဖောက်လုပ်ရန် ဘုရားကြီး-ဘောနက်ကြီး- ဇောင်းတူ-တိုက်ကြီးလမ်းကို ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရန်ပုံငွေမှ ဦးစားပေးဆောင် ရွက်သွားမည့်အပြင် စစ်တောင်းမြစ်ကို ဖြတ်၍ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည် နယ်တို့နှင့် ဆက်သွယ်မည့် လမ်းတံတားများ ဖောက်လုပ်နိုင်ရေး   အစီအမံရေးဆွဲလျက်ရှိ သည်။

“အာဆီယံလမ်းမကြီးကို ဝေါမြို့မှ ပဲခူးမြို့ သို့ဖြတ်ပြီး ဖောက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ပဲခူးမြို့မှ သံလျင်မြို့ သီလဝါဆိပ်ကမ်းအထိ ရန်ကုန်တိုင်းဒေသကြီးနှင့်ပူးပေါင်းပြီး ဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု      ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိသည့် တိုင်းဒေသကြီးဖြစ် သည့် အတွက်   ခရီးသွား လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေး၊   ECO Tourism  လုပ်ငန်းများ   ဖွံ့ဖြိုးတိုး တက်ရေး အစီအမံများ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်သည်။  ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်ရေးအတွက်   ပဲခူးစက်မှုနယ်မြေ၊ ပြည်စက်မှုနယ်မြေ၊   ဒိုက်ဦး၊ အင်းတကော်၊ သာယာဝတီ စသည့် နေရာများတွင် စက်မှု၊ လက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ SME လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ ကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ဒေသတွင်း အခွန်၊ အကောက် တိုးမြှင့်ရရှိရေးလုပ်ငန်းများ၊ လယ်ယာမြေပေါ်မှ မြေခွန်ကောက်ခံမှုနှုန်း ထားများကို ခေတ်နှင့် အညီ  တိုးမြှင့်ကောက်ခံရန်  အစီအစဉ်များ၊  အထူးသဖြင့် မြေယာစီမံခန့်ခွဲမှုကိစ္စ၊ ရင်းနှီး မြှုပ်နှံမှုကိစ္စရပ်များတွင် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့်  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည်     ပြည်သူကို ဗဟိုပြုသော၊ ပြည်သူ့အတွက်    ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအမံကောင်းများကို အကောင်အ ထည်ဖော် ဆောင်ရွက်နေသော ပြည်သူ့အစိုးရလက်ထက် တွင် လူမှုစီးပွားဘဝများ ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်မှုများ၏ အသီးအပွင့်များကို ရရှိခံစား ရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

သတင်းဆောင်းပါး - သီသီမင်း၊ ဓာတ်ပုံ - တင်စိုး(ပဲခူး)