မဟာဗောဓိတထောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒ၏ မွေးနေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကျင်းပ
မဟာဗောဓိတထောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒ၏ မွေးနေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကျင်းပ
Sagaing Region Government/ မုံရွာမြို့ / February 07, 2020

(၇.၂.၂၀၂၀)ရက်နေ့၊ နံနက် (၀၉၀၀)အချိန်တွင် ကျေးဇူးတော်ရှင် မဟာဗောဓိတထောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒ၏ မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲ အခမ်အနားကို ဗောဓိတထောင်ကျောင်းတိုက်၊ ဒေါ်သီသနပ်ခါးဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်း/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ပြီး ပင့်သံဃာတော် (၈၉)ပါးနှင့် ပင့်သီလရှင် (၈၉)ပါးအား သင်္ကန်း(၈၉)စုံနှင့်၊ သီလရှင်ဝတ်စုံ (၈၉)စုံတို့အား လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။