မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ရုံတင်ဇာတ်ကားများ စတင်ကြည့်ရှုအကဲဖြတ်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ရုံတင်ဇာတ်ကားများ စတင်ကြည့်ရှုအကဲဖြတ်
Ministry of Information/ နေပြည်တော် / November 15, 2019

ရန်ကုန် နိုဝင်ဘာ ၁၄
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်နိုင်ရေး အကဲဖြတ်ကြည့်ရှုခြင်းကို ယနေ့မှစ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ MMPO Cinema ၌ ပြုလုပ်သည်။
စတင်ဖွဲ့စည်း
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ရေးအကဲဖြတ်အဖွဲ့ ဦးစီးကော်မတီကို အဖွဲ့ဝင် ကိုးဦး၊ အကဲဖြတ်အဖွဲ့ကို အဖွဲ့ဝင် ၂၅ ဦးတို့ဖြင့် ယမန်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၉၀ နှင့် ဒီဇင်ဘာလအတွင်း ရုံတင်ပြသမည့် ရုပ်ရှင်ဇာတ်ကား ရှစ်ကား စုစုပေါင်း ၉၈ ကားအနက်မှ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်မှုစာရင်းတွင် ပါဝင်ပြီးဖြစ်သော "ကြီးမြတ်သောမြန်မာ" နှင့် "မနောမြေမှကျောက်စိမ်းကမ္ဘာ" ရုပ်ရှင်ဇာတ်ကား နှစ်ကားကို ချန်လှပ်ကာ ကျန်ရုပ်ရှင်ဇာတ်ကား ၉၆ ကားကို ယနေ့မှစတင်၍ တစ်ရက်လျှင် နှစ်ကားနှုန်း (တနင်္ဂနွေနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ မပါ)ဖြင့် ကြည့်ရှုအကဲဖြတ်ကြမည် ဖြစ်သည်။
ယခုအခါ နိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်နိုင်မှု ပိုမိုများပြားလာပြီး အရည်အသွေးမြင့်သည့် ရုပ်ရှင်ဇာတ်ကားရိုက်ကူး ထုတ်လုပ်မှုများလည်း ပိုမိုပါဝင် လာသဖြင့် ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်နိုင်ရန် အကဲဖြတ်ရွေးချယ်မှုမှာ စိတ်လှုပ်ရှား ဖွယ်ဖြစ်ကြောင်း သိရသည်။
တင်ကိုဝင်း(FDC)