မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲ မြောင်းမြမြို့တွင် ကျင်းပမည်


Ministry of Information/ ​နေပြည်တော် / November 05, 2019
image_latest


နေပြည်တော်၊ နိုဝင်ဘာ ၅

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာ့အသံ ချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၉) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အ.ထ.က (၁) ပညာရတနာခန်းမ၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ အခမ်းအနားများတွင် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတင်ဗီဒီယို ပြသခြင်း၊ မြန်မာ့အသံ အစီအစဉ် တင်ဆက်သူများက မိတ်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းတို့ ပါဝင်မည်ဖြစ်ရာ မြောင်းမြခရိုင် အတွင်းရှိ မြန်မာ့အသံ ချစ်သူအဖွဲ့ဝင်များ အပါအဝင် အခြားနီးစပ်ရာ ဒေသများမှ မြန်မာ့အသံ ချစ်သူ အဖွဲ့ဝင်များလည်း အခမ်းအနားသို့ အခမဲ့ တက်ရောက်နိုင်ပြီး၊ တက်ရောက်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၆၇-၇၉၂၁၅၊ ၀၆၇-၇၉၃၇၄၊ ဖုန်းနံပါတ် ၀၉-၄၀၀၆၀၄၀၃၃ နှင့် ၀၉-၄၀၀၆၀၅၀၃၃ တို့သို့ ဆက်သွယ်ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ နောက်ဆုံး ထား၍ စာရင်း ပေးသွင်းနိုင်ကြောင်း သိရှိရသည်။ မြန်မာ့အသံချစ်သူအဖွဲ့သို့ ဝင်ရောက်လိုသည့် သောတရှင်များလည်း အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အဖွဲ့ဝင်သစ်အဖြစ် အခမဲ့ဝင်ရောက်နိုင်ပြီး အခမ်းအနား တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

အခမ်းအနားတွင် Co-Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဖုန်းနံပါတ် ၀၆၇-၇၉၃၇၄၊ ၀၉-၄၂၀၇၀၂၇၉၆၊ ၀၉-၄၃၀၈၆၁၁၉ တို့ သို့ ဆက်သွယ်စုံစမ်းနိုင် ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)