မြန်မာ-အိန္ဒိယ(၂)နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ
မြန်မာ-အိန္ဒိယ(၂)နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ
Sagaing Region Government/ မုံရွာမြို့ / February 03, 2020

(၂.၂.၂၀၂၀)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံး အသင်းတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး ဘောလုံးပြိုင်ပွဲကို မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပါသည်၊၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဌနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
နှစ်နိုင်ငံ အားကစားသမားများအား မုံရွာသူနာပြု သားဖွားသင်တန်းကျောင်းမှ ကျောင်းသူလေးများမှ အမှတ်တရ ပန်းစည်းများ ပေးအပ်ခဲ့ပြီး ချစ်ကြည်ရေး ဘောလုံးပွဲကို စတင် ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းမှ Manipur အမျိုးသမီးဘောလုံးအသင်း ကို ( ၁ )ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ဘောလုံးပွဲအပြီးတွင် (၂)နိုင်ငံ ဘောလုံးအသင်းအား တာဝန်ရှိသူများမှ အမှတ်တရ ဆုဖလားများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ညပိုင်းတွင် မြန်မာ-အန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ည(၁၉၀၀)နာရီအချိန်တွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပါကြောင်း၊ ထို့နောက် တိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး ရိုးရာအကအဖွဲ့များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မဏိပူပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခြင်းများအပြီးတွင် မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။