မြဝတီနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၃ ဦး ရောက်ရှိမှု
မြဝတီနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၃ ဦး ရောက်ရှိမှု
Ministry of Home Affairs/ နေပြည်တော် / December 13, 2019

မြဝတီနှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၃ ဦး ရောက်ရှိမှု
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၉၃၀ အချိန်ထိ မြဝတီမြို့ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၄ ဦး(အမျိုးသား ၁၆၀ ဦး၊ အမျိုးသမီး ၄၄ ဦး)တို့သည် မော်တော်ယာဉ် ၁၁ စီးဖြင့််ရောက်ရှိလာရာ မြဝတီခရိုင်လဝကမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး ၎င်းတို့၏ နေရပ် အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
အလားတူ ၁၄၀၀ အချိန်တွင် ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ဘုရင့်နောင်ရေဆင်း တံတား(၂)သို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေနှင့်အတူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၅၉ ဦး(အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၃ ဦး)တို့သည် စက်လှေ ၃ စီးဖြင့် ရောက်ရှိလာရာ ကော့သောင်းမြို့နယ် အလုပ်သမားဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကြူကြူရီ ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ် များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
