မြဝတီနှင့် မူဆယ်မြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃၁ ဦး ရောက်ရှိမှု


Ministry of Home Affairs/ နေပြည်တော် / February 09, 2020


မြဝတီနှင့် မူဆယ်မြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃၁ ဦး ရောက်ရှိမှု
    ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၉၃၀ အချိန်ထိ မြဝတီမြို့၊ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁၅ ဦး(အမျိုးသား ၁၅၅ ဦး၊ အမျိုးသမီး ၆၀ ဦး)တို့သည် မော်တော်ယာဉ် ၁၁ စီးဖြင့်ရောက်ရှိလာရာ မြဝတီခရိုင်လဝကမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင် ဦးစီးအဖွဲ့မှ ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး ၎င်း တို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
    အလားတူ ၁၈၄၀ အချိန်မှ ၁၉၂၀ အချိန်ထိ မူဆယ်မြို့၊ နန်းတော်စစ်ဆေးရေးဂိတ်၌ တရုတ်နိုင်ငံ၊ ရွှေလီရဲဌာန၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ဒုတိယဌာနခွဲမှူး မစ္စတာ ရန်တာဖူး နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦး(အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၄ ဦး)တို့ ရောက်ရှိလာရာ အမှတ်(၇)လူဝင်မှု ကြီးကြပ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးအောင်သူ မှ ကြိုဆိုလက်ခံခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်၍ ၎င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။