ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ဖျားနာကုဆေးခန်း (Fever Clinic) ဖွင့်လှစ်ရန် ပြင်ဆင် ထားရှိမှုအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ ရန်ကုန် / April 24, 2020
image_latest


ရန်ကုန် ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊  (၅၄) ရပ်ကွက်ရှိ စုအသက်မွေးဝမ်းကြောင်းသိပ္ပံ (တောင်ဒဂုံ)၌ ဖျားနာကုဆေးခန်း (Fever Clinic) ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဖျားနာ ကုဆေးခန်း (Fever Clinic) ဖွင့်လှစ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေး အတွက် စနစ်တကျပြင်ဆင် ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ယင်းနောက် ဒေါက်တာထွန်းမြင့်က ဖျားနာကုဆေးခန်း (Fever Clinic)တစ်ခုဆောင်ရွက်ရမည့်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်နှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)