ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဓနိတောတိုးချဲ့(မြေနိမ့်ပိုင်း)နှင့် ရန်မျိုးအောင်ရပ်ကွက် ဓနိတော တိုးချဲ့ (မြေနိမ့်ပိုင်း) များတွင် ရေဝင်ရောက်မှု


Ministry of Home Affairs/ Nay Pyi Taw / August 01, 2021


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဓနိတောတိုးချဲ့(မြေနိမ့်ပိုင်း)နှင့် ရန်မျိုးအောင် ရပ်ကွက် ဓနိတောတိုးချဲ့(မြေနိမ့်ပိုင်း)များတွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ ၁၇၁၀ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေ(၂)ပေခန့်ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသဖြင့် ရေးမြို့နယ် အတွင်းရရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ (၄)စီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၉၅၅ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။