လယ်ယာမြေ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ(၂၀၂၀ပြည့်နှစ်)အတွက် နည်းဥပဒေရေးဆွဲရေး (ပထမအကြိမ်) လုပ်ငန်း ညှိနှိုင်း အစည်းအဝေး နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် က ရေးဆွဲပြဌာန်းထားရှိသော မြေယာခွန်ဥပဒေဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / March 25, 2020
image_latest


နေပြည်တော် မတ် ၂၅

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ(၂၀၂၀ပြည့်နှစ်)အတွက် နည်းဥပဒေ ရေးဆွဲရေး(ပထမအကြိမ်) လုပ်ငန်း ညှိနှိုင်း အစည်းအဝေး နှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က ရေးဆွဲပြဌာန်းထားရှိသော မြေယာခွန်ဥပဒေ ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး နှင့်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၂၀၂၀ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂) ဖြင့် ပြင်ဆင်ပြဌာန်းလိုက်သော ပြင်ဆင် သည့် လယ်ယာမြေဥပဒေအတွက် နည်းဥပဒေရေးဆွဲရေး ဆိုင်ရာကိစ္စရပ်များနှင့် နည်းဥပဒေ မပြဌာန်းနိုင်သေးမီ ကာလအတွင်း လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အမိန့် ညွှန်ကြား ချက်များအား ဥပဒေနှင့်အညီ  ထုတ်ပြန်နိုင်ရေးကိစ္စရပ်များ အသေးစိတ်ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၄/၂၀၁၉)ဖြင့်  ပြဌာန်းခဲ့သော ဧရာဝတီတိုင်း ဒေသကြီး၏ မြေယာခွန်ဥပဒေဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့် ညီညွတ်စွာဆောင်ရွက် နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)